သတင်း

January 27, 2017

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မဲဆွယ်စည်းရုံးမှု မလုပ်နိုင်တော့သဖြင့် ကိုယ်စားလှယ်လောင်းများ၏ စစ်မှန်သော အရည်အချင်းများ ကြားဖြတ်ရွေးကောက်ပွဲတွင် ထွက်ပေါ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း NLD ရန်ကုန်တိုင်းဥက္ကဋ္ဌ ပြောကြား

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မဲဆွယ်စည်းရုံးမှု မပြုလုပ်နိုင်တော့သည့်အတွက် ကိုယ်စားလှယ်လောင်းများ၏ စစ်မှန်သော အရည်အချင်းများ ထွက်ပေါ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း NLD ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။ ဇန်န၀ါရီ ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့၊ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည့် ခရိုင်အလုပ်အမှုဆောင်များနှင့် […]
January 27, 2017

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲလက်မှတ် နှစ်သန်းကျော် ဖေဖော်ဝါရီလကုန် ရရှိမည်

ကြားဖြတ်ရွေးကောက်ပွဲ တွင် အသုံးပြုမည့် မဲလက်မှတ် နှစ်သန်းကျော်ကို ပြန်ကြားရေးဝန် ကြီးဌာနသို့ အပ်နှံထားပြီး ဖေဖော်ဝါရီ ၂၈ ရက်၌ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။ ‘‘ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပေးရမယ်’’ဟု ပြန်ကြား ရေးဝန်ကြီးဌာနသို့ မဲလက်မှတ် များ ရိုက်နှိပ်ရန် အပ်နှံထားသည့်အခြေအနေကို […]
January 27, 2017

ပါတီအမည် အလွဲသုံးစားပြုခံရကြောင်း ပလောင်( တအာင်း) အမျိုးသားပါတီပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ဦးဆောင်ပြီး ၁၅ ပါတီ သဘောထားဟု ဆိုကာ အစိုးရသစ်ကို ဝေဖန်ထောက်ပြသော ကြေညာချက်၌ မိမိတို့ ပါတီအမည်ကို ပါ သဘောတူညီချက် မရှိဘဲ ထည့်သွင်း၍ ထုတ်ပြန်ခြင်းသည် ပါတီအမည်ကို အလွဲသုံးစားပြုခြင်း ဖြစ်ကြောင်း ပလောင် (တအာင်း) အမျိုးသားပါတီ (TNP) […]
January 25, 2017

ဒီချုပ်အစိုးရသည် ဒီမိုကရေစီအာဏာရှင်ပုံစံကို ဦးတည်နေဟုပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေး ဝေဖန်

အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင် အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင် ရေး စသည့်မဏ္ဍိုင်သုံးခု၏ အ ပြန်အလှန် ထိန်းကျောင်းမှု ယိမ်း ယိုင်နေ၍ ဒီမိုကရေစီအာဏာရှင် ပုံစံကို ဦးတည်နေကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန် သည်။ ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံ တော်လုံခြုံရေးနှင့်တရားဥပဒေ […]
January 25, 2017

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ရာတွင် အငြင်းပွားမှုများမဖြစ်ပေါ်ရေး စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်း

၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း အငြင်းပွားမှုများ မဖြစ်ပေါ်စေရန် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီများကို ဖေဖော်ဝါရီလအတွင်း ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။ ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းရေးအဖွဲ့များကို ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းမည်ဖြစ် […]
January 17, 2017

ရှမ်းပြည်နယ် ဒီချုပ်ပါတီမှ ထုတ်ပယ်ခံရသူများ ရှစ်လေးလုံး(ရှမ်းပြည်)အမည်ဖြင့် ရပ်တည်မည်ဟုဆို

ရှမ်းပြည်နယ်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဖယ်ရှားခံရသူများနှင့် ဝန်းရံသူ များပူးပေါင်း၍ ရှစ်လေးလုံး(ရှမ်း ပြည်)အမည်ဖြင့် ရပ်တည်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရှစ်လေးလုံး(ရှမ်းပြည်)အဖွဲ့ ကို နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ရပ်တည်လုပ်ကိုင်မည်မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းတစ်ရပ် အနေဖြင့်သာ ရပ်တည်မည်ဟု တောင်ကြီးခရိုင်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဦးတင်မောင်တိုးက ပြောသည်။ ဦးတင်မောင်တိုးသည် တောင်ကြီး ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌအဖြစ်မှ ဦးဝင်းထိန်၏ […]
January 17, 2017

ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဇန်န၀ါရီ နောက်ဆုံးပတ်တွင် နေပြည်တော်၌ မဲရုံမှူးသင်တန်းပေးမည်

ဧပြီ ၁ ရက်တွင် ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲ၌တာဝန်ထမ်းဆောင်မည့် မဲရုံမှူး များဇန်န၀ါရီ နောက်ဆုံးပတ်အ တွင်း နေပြည်တော်တွင် သင်တန်း ပေးမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ သ တင်းရရှိသည်။ ဇန်န၀ါရီ ၂၃ ရက်မှ ၂၈ ရက်အထိ သင်တန်းပေးမည်ဖြစ် ပြီး တိုင်းဒေသကြီး၊ ခရိုင်နှင့် […]
January 11, 2017

လွှတ်တော်စတုတ္ထ ပုံမှန်အစည်းအဝေးများ ဇန်နဝါရီလကုန် ပြန်လည်ခေါ်ယူမည်

ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်များ၏ စတုတ္ထပုံမှန်အစည်း အဝေးများကို ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပရန် ပြန်လည်ခေါ်ယူ ခဲ့သည်။ ပြည်သူ့လွှတ်တော်နှင့်အ မျိုးသားလွှတ်တော်အစည်းအ ဝေးများကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ပြီး  ပြည်ထောင်စုလွှတ်တော်ကို […]
January 10, 2017

ဖရူဆို မဲဆန္ဒနယ်လက်လွှတ်ခဲ့ရ၍ ပြည်နယ်ပါတီ ခေါင်းဆောင်များကို ဒီချုပ်အရေးယူမည်

ကြားဖြတ်ရွေးကောက်ပွဲ အတွက် လစ်လပ်မဲဆန္ဒနယ်တစ် ခုဖြစ်သည့် ကယားပြည်နယ် ဖရူ ဆိုအမှတ် (၁) မဲဆန္ဒနယ်တွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းအမည်စာ ရင်းတင်သွင်းရန် ပျက်ကွက်ခဲ့၍ ပြည်နယ်ပါတီခေါင်းဆောင်များကို အရေးယူမည်ဟု ဇန်န၀ါရီ ၇ ရက်တွင် ပြုလုပ်သော ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။ ယင်းပျက်ကွက်မှုကြောင့် ဖရူဆိုမဲဆန္ဒနယ်ကို ဒီချုပ်က မယှဉ်ပြိုင်ရဘဲ […]
January 10, 2017

မြန်မာဌာန | သတင်းများ ငြိမ်းချမ်းရေးရန်ပုံငွေအဖြစ် NLD ပါတီက ငွေကျပ်သိန်း နှစ်ထောင် လှူဒါန်းမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျပ်သိန်း နှစ်ထောင် လှူဒါန်းဖို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။ လွှတ်တော်အသီးသီးမှာရှိတဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာငွေထဲက ၂၅ ရာခိုင်နှုန်းကို လစဉ် ပါတီအတွက် စုဆောင်းထားရာ အဲဒီငွေတွေကို […]
January 3, 2017

လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများ လက်ခံယုံကြည်သည့် ရွေးကောက်ပွဲဖြစ်စေရန် ကျင်းပမည်ဟုဆို

လာမည့်ကြားဖြတ်ရွေး ကောက်ပွဲကို ပြည်သူများလက်ခံ ယုံကြည်သည့် ရွေးကောက်ပွဲဖြစ် စေရန် ကျင်းပပြီး ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ဒီဇင်ဘာ ၂၆ ရက် နံနက်က ရန် ကုန်မြို့ရှိ […]
January 3, 2017

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ညှိနှိုင်းရန် အပစ်ရပ်နှင့် အပစ်မရပ်အဖွဲ့များ၊ နိုင်ငံရေး ပါတီများ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာတွေ့ဆုံမည်

လက်ရှိငြိမ်းချမ်းရေးဖြစ် စဉ်အပေါ် ညှိနှိုင်းဆွေးနွေးရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ NCA မထိုးရသေးသည့် အဖွဲ့များနှင့် နိုင်ငံရေးပါတီ များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ဒီဇင်ဘာ ၂၇ ရက်မှ စတင်၍ သုံးရက်ကြာ တွေ့ဆုံမည်ဖြစ် […]