သတင်း

November 11, 2016

ပါတီမူဝါဒ သတ်မှတ်ခြင်း အပါအ၀င် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီခေါင်းဆောင်ဟောင်းများ ဦးဆောင်မည့် ပါတီသစ် ထူထောင်နိုင်ရေး လုပ်ငန်းစဉ်များ ဒီဇင်ဘာတွင် စတင်မည်

ပါတီမူဝါဒ သတ်မှတ်ခြင်း အပါအ၀င် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ ခေါင်းဆောင်ဟောင်းများ ဦးဆောင်မည့် ပါတီသစ် ထူထောင်ရေး လုပ်ငန်းစဉ်များကို လာမည့် ဒီဇင်ဘာတွင် စတင်ရန်ရှိကြောင်း ALD ခေါင်းဆောင်ဟောင်း ဦးမျိုးကျော်က ပြောကြားသည်။ ဦးမျိုးကျော်က “ကျွန်တော်တို့ ဦးဆောင်ကော်မတီ ဆိုပြီးတော့ ပြီးခဲ့တဲ့ ကျောက်တော် အစည်းအဝေးမှာ […]
November 11, 2016

ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရာ၌ နိုင်ငံရေး အရည်အချင်းရှိသူများကို NLD ပါတီ ဦးစားပေးရွေးချယ်မည်

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရာတွင် နိုင်ငံရေးအရည်အချင်းရှိသူများကို ဦးစားပေးရွေးချယ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားသည်။ ဦးဝင်းထိန်က “၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းတွေကိုလည်း ၂၀၁၂ […]
September 29, 2016

ဦးဝင်းထိန်အား ပါတီမှ အနားပေးကြောင်း ကြေညာချက်အတုထုတ်သူကို အရေးယူနိုင်ရေး စုံစမ်းပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြ

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် တံဆိပ်တုံး ပုံစံအ သုံးပြုကာ ပါတီထိပ်ပိုင်းခေါင်း ဆောင် ဦးဝင်းထိန်ကို ပါတီတာဝန် မှ အနားပေးကြောင်း ကြေညာ ချက်အတု ဖေ့စ်ဘွတ်ခ်တွင် ထုတ် ပြန်သူကို အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်ပေးရန် ပြည်ထဲရေးဝန် ကြီးဌာနသို့ တင်ပြခဲ့ကြောင်းပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့  အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။ သတင်းကြေညာချက်အတု သည် […]
September 29, 2016

တိုင်းရင်းသားများ၏ ဆန္ဒမပါဘဲ သံလွင်မြစ်တွင် ဆည်များဆောက်လုပ်မည့် စီမံကိန်း ဆက်လက် လုပ်ဆောင်ပါက အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား

သံလွင်မြစ်တွင် ဆည်များဆောက်လုပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းများအား တိုင်းရင်းသားများ၏ ဆန္ဒမပါဘဲ ဆက်လက် လုပ်ဆောင်ပါက အမျိုးသားရင် ကြားစေ့ရေး ကြာသထက် ကြာနိုင်ကြောင်းနှင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။ ရန်ကုန်မြို့ Orchid […]
September 27, 2016

တစညပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင် မဝင် မဆုံးဖြတ်ရသေးဟုဆို

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီ အနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မပြိုင်ကို ဆုံးဖြတ်ထားရခြင်း မရှိသေးကြောင်း တစည ပါတီဗဟိုကော်မတီဝင် ဦးအောင်သိန်းက ပါတီ၏ တည်ထောင်ခြင်း ၂၈ နှစ်မြောက် အခမ်းအနားတွင် ပြောကြားသည်။   လက်ရှိအခြေအနေအရ ပါတီတွင်း အောက်ခြေအဖွဲ့အစည်းများ ခိုင်မာရေးကို လုပ်ဆောင်နေပြီး […]
September 21, 2016

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲရေး အလုပ်အဖွဲ့ကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်း

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီစ သည့် အစုအဖွဲ့များမှ ကိုယ်စားလှယ် သုံးဦးစီပါဝင်သည့် အလုပ်အဖွဲ့တစ်ခုကို စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း ပဉ္စမအကြိမ် […]
September 14, 2016

ရှမ်းပြည်နယ်ဒီချုပ်အလုပ်အမှုဆောင်အသစ်စာရင်း ထွက်ရှိလာပြီးနောက် ပါတီဝင်အချို့ နုတ်ထွက်စာတင်

အဆိုပါလူစာရင်းကို မသိရှိကြောင်းနှင့် အဖွဲ့ချုပ်ထံ ဥပဒေကြောင်းအရ တင်ပြမည်ဟု လက်ရှိပြည်နယ်ဥက္ကဋ္ဌပြော အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်ဦးဝင်းထိန်လက် မှတ်ရေးထိုးထားသည့် ရှမ်းပြည် နယ်ဒီချုပ်အလုပ်အမှုဆောင်အ ဖွဲ့သစ်လူစာရင်းထွက်ရှိလာခြင်း ကို မသိရှိသေးကြောင်း လက်ရှိရှမ်းပြည်နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ယူထားသော ဒေါ်ခင်မိုးမိုးက စက်တင်ဘာ ၈ရက်တွင် ပြောကြားသည်။ ရှမ်းပြည်နယ်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အလုပ်အမှု […]
September 14, 2016

ရွေးကောက်ခံရမှုပျက်ပြယ်သည့် ကိုယ်စားလှယ် ငါးဦးထိရှိလာ

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ရွေး ကောက်ပွဲရလဒ်အပေါ် ကန့်ကွက် ခံရပြီးနောက် ရွေးကောက်ခံရမှု ပျက်ပြယ်သည့် ကိုယ်စားလှယ် ငါးဦးရှိလာပြီဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။ အဆိုပါ ငါးဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှသုံးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့ ဖြစ်သည်။ ရွေးကောက်ပွဲကန့်ကွက် လွှာအမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးခြင်း၊ […]
September 13, 2016

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် ပွင့်လင်းမြင်သာမှု ရှိခဲ့သော်လည်း အစိုးရ အနေဖြင့် အားလုံးပါဝင်ရေးကို ဆက်လက်ဖော်ဆောင်ရန် လိုအပ်နေသေးကြောင်း UNFC သဘောထား ထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသည် ပွင့်လင်းမြင်သာမှုရှိသည့် သမိုင်းဝင် အစည်းအဝေးတစ်ခု ဖြစ်သော်လည်း အစိုးရအနေဖြင့် အားလုံးပါဝင်ရေးကို ဆက်လက်ဖော်ဆောင်ရန် လိုအပ်နေသေးကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က စက်တင်ဘာ ၁၁ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။ UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် […]
September 13, 2016

ရှမ်းပြည်နယ်မှ NLD ပါတီဝင်များအား အရေးယူရန်မှာ တစ်နှစ်ကျော်ခန့် ရှိပြီဖြစ်ကာ ယခင်က မအားသည့်အတွက် ယခု အရေးယူခြင်းဖြစ်ပြီး ပါတီစည်းကမ်းကိစ္စ အာဏာရှင် မဆန်၍ မရကြောင်း ဦးဝင်းထိန် ပြောကြား

ရှမ်းပြည်နယ်မှ NLD ပါတီဝင်များအား အရေးယူရန်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ ဖြစ်ကာ ယခင်က မအားသည့်အတွက် ယခု အရေးယူခြင်းဖြစ်ပြီး ပါတီစည်းကမ်းကိစ္စတွင် အာဏာရှင် မဆန်၍ မရကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က စက်တင်ဘာ ၁၁ ရက်က သတင်းထောက်များအား ပြောကြားသည်။ စက်တင်ဘာ ၁၁ ရက်တွင် […]
September 8, 2016

ဖက်ဒရယ်စနစ်အပေါ် အယူအဆနှစ်မျိုးကို အပြိုင်တင်ပြ

၂၁ ရာစုပင်လုံညီ လာခံ ဒုတိယနေ့တွင် ဖက်ဒရယ် စနစ်အပေါ် အသားပေးတင်ပြ ကြရာ တပ်မတော်နှင့် ပြည်ခိုင် ဖြိုးပါတီတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပထ၀ီအခြေခံ ဖက်ဒရယ်စနစ်ကို စွဲကိုင်ထားပြီး  နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တင်ပြ ချက်နှင့် သီးခြားစီဖြစ်နေကြောင်း တွေ့ရသည်။ အစိုးရ၊ လွှတ်တော်၊ […]
September 8, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုကို တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင်အမျိုးသားပါတီတီု့ ထောက်ခံ ဆွေးနွေးခဲ့သော်လည်း NLD ကိုယ်စားလှယ်များ ကန့်ကွက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုကို တပ်မတော်၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင်အမျိုးသားပါတီတီု့ ထောက်ခံ ဆွေးနွေးခဲ့သော်လည်း NLD ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးသဖြင့် မဲခွဲဆုံးဖြတ်ရာ အဆိုရှုံးနိမ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်နေခြင်းသည် ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာရောက်စေသဖြင့် […]