ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တိုက်ရိုက်ထိတွေ့နိုင်ရန် ပွင့်လင်းလွှတ်တော်အမည်ရှိ ၀က်ဘ်ဆိုက်လွှင့်တင်မည

ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်များနှင့် မဲ ဆန္ဒရှင်ပြည်သူများတိုက်ရိုက်ထိ တွေ့ဆက်သွယ်နိုင်မည့် ပွင့်လင်း လွှတ်တော်(Open Hllutaw)ဟု အ မည်ပေးထားသော ၀က်ဘ်ဆိုက် တစ်ခုကို လာမည့်ဇူလိုင်အတွင်း လွှင့်တင်မည်ဖြစ်ကြောင်းသတင်း ရရှိသည်။

အဆိုပါပွင့်လင်းလွှတ်တော် (Open Hllutaw)၀က်ဘ်ဆိုက် လွှင့်တင်နိုင်ရန် လွှတ်တော်များ ကို စောင့်ကြည့်လေ့လာမှုများ ပြု လုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့(OMI)နှင့် မြန်မာ့ပဉ္စ မမဏ္ဍိုင်တို့က ပူးပေါင်းဆောင် ရွက်နေခြင်းဖြစ်ကြောင်း ၀က်ဘ် ဆိုက်လွှင့်တင်နိုင်ရေး အဓိက ဆောင်ရွက်သူ ကိုစိုးလင်းထွဋ်ကပြောသည်။

ပွင့်လင်းလွှတ်တော်ဝက်ဘ် ဆိုက်တွင် လွှတ်တော်ကိုယ်စား လှယ်များ၏ ကိုယ်ရေးအချက်အ လက်များနှင့် ၎င်းတို့သုံးစွဲနေသော အီးမေးလ်လိပ်စာများ၊ လူမှုကွန် ရက်လိပ်စာများထည့်သွင်းထားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

‘‘အဓိကကတော့ ပြည်သူ တွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ဒီ ၀က်ဘ်ဆိုက်ပေါ်ကနေ တိုက်ရိုက် ထိတွေ့နိုင်အောင်ပေါ့။ ဒီမှာ မဲ ဆန္ဒရှင်တွေကလည်း သူတို့လို အပ်ချက်တွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေသိ အောင်လို့ ရေးလို့ရအောင်ရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက လည်း ၀င်ကြည့်ပြီး သိရှိအောင် လုပ်သွားမှာပါ’’ဟု ကိုစိုးလင်းထွဋ် ကပြောသည်။

ဇူလိုင်လအတွင်း လွှင့်တင် မည့် ပွင့်လင်းလွှတ်တော်(Open Hllutaw)တွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့၏ ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ်များ၏ ကိုယ်ရေအကျဉ်း နှင့် လိပ်စာများထည့်သွင်းထား မည်ဖြစ်ကာ ယင်းနောက်၌ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ဆက်လက်ထည့်သွင်းရန်ရှိနေသည်။

အဆိုပါဝက်ဘ်ဆိုက်မလွှင့် တင်မီလွှတ်တော်ကိုယ်စားလှယ်များကိုလည်း အွန်လိုင်းအသုံးပြုကာ ပွင့်လင်းလွှတ်တော် ၀က်ဘ်ဆိုက်မှ ဆက်သွယ်မှုများပြုလုပ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ အသိပေးမည်ဖြစ်သည်။

လက်ရှိတွင် လွှတ်တော်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည့် ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့(OMI)၀က်ဘ်ဆိုက်ရှိနေပြီး အဆိုပါဝက်ဘ်ဆိုက်၌လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းများ၊ လွှတ်တော်များ၏ အခန်းကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းဆောင်ရွက်ချက်များ၊ လွှတ်တော်မှ ဆောင်ရွက်မှုများကိုဖော်ပြထားသည်။ source-7 days daily

ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက်စာမျက်နှာ နမူနာပုံစံ

ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက်စာမျက်နှာ နမူနာပုံစံ