တပ်ကိုယ်စားလှယ်များ ကန့်ကွက်သည့် ဒီချုပ်ကိုယ်စားလှယ်၏ ဆွေးနွေးချက်အချို့ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်

တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များ ကန့် ကွက်ထားသော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ် စားလှယ်တစ်ဦး၏ဆွေးနွေးချက် အချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်၏ပြောကြားချက်အရ သတင်းရရှိသည်။

မတ်လ ၈ ရက်က ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်က ပုလဲမဲ ဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တင် သွင်းသော အရေးကြီးအဆိုကို စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော် အောင်လွင်၏ဆွေးနွေးချက်အ ပေါ် ကန့်ကွက်စာတင်ပြလာခြင်း နှင့်ပတ်သက်၍ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက လွှတ်တော်သို့တင် ပြခြင်း အစီအစဉ်ပါရှိခဲ့ခြင်းဖြစ် သည်။

စေတုတ္တရာ မဲဆန္ဒနယ်မှ ဦး ကျော်အောင်လွင်၏ဆွေးနွေး ချက်သည် ကိုက်ညီမှုမရှိသည့်အ တွက် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ တင်ပြလာ သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကပစ ၂၀ ၏ တပ်မြေကိစ္စနှင့်ပတ်သက်သော အချက်အလက်များအား ပြည်သူ့ လွှတ်တော်မှတ်တမ်းမှ ထုတ်နုတ် ပယ်ဖျက်ရန် ရုံးအဖွဲ့သို့ ညွှန်ကြား ထားပြီးဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါသည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မတ်လ ၈ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

ထိုသို့ပြောဆိုရာတွင် ၂၀၁၃ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ၁၅၈၊ နည်းဥပဒေခွဲ(ဂ)၌ အဆိုတစ်ရပ်ကို ဆွေးနွေးရာတွင် ပြောဆိုချက်များသည် လွှတ်တော်၌ ဆွေးနွေးဆဲအဆိုနှင့်သာ အတိ အကျသက်ဆိုင်စေရမည်ဟု ပြ ဋ္ဌာန်းထားသည်ဟုပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆို သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်တင်သွင်း သော အရေးကြီးအဆိုကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ် တော် ကိုယ်စားလှယ် ဦးကျော် အောင်လွင်ဆွေးနွေးနေစဉ် တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များက မတ်တတ်ရပ်၍ကန့် ကွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင် လွင်၏ ဆွေးနွေးချက်ပါ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း၊ ကပစ၂၀ တပ်မြေကိစ္စတို့နှင့်ပတ် သက်ပြီး ကန့်ကွက်ကြောင်းနှင့် အဆိုပါဆွေးနွေးချက်များကို ပြည်သူ့လွှတ်တော်မှတ်တမ်းမှ ပယ် ဖျက်ပေးရေးတို့ကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များက လွှတ်တော်ကို ကန့်ကွက် စာပေးပို့ထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်တင်သွင်း သော ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော်ပိုင်မြေ၊ စက်ရုံများ၊ စီမံကိန်းများကို အလျင်အမြန်အ ကောင်အထည်ဖော်နေမှုများကို စိစစ်ဆောင်ရွက်ရန် အစိုးရအဖွဲ့ အား တိုက်တွန်းကြောင်း အရေး ကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင် လွင်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးရာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြောင်းလည်း ပါဝင်ခဲ့ပြီး ဦး ကျော်အောင်လွင်ကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်သက်ဆိုင်သည်များသာ ဆွေးနွေးရန် သတိပေးခဲ့သည်။

News Source: 7 Day Daily