ဖက်ဒရယ်စနစ်အပေါ် အယူအဆနှစ်မျိုးကို အပြိုင်တင်ပြ

၂၁ ရာစုပင်လုံညီ လာခံ ဒုတိယနေ့တွင် ဖက်ဒရယ် စနစ်အပေါ် အသားပေးတင်ပြ ကြရာ တပ်မတော်နှင့် ပြည်ခိုင် ဖြိုးပါတီတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပထ၀ီအခြေခံ ဖက်ဒရယ်စနစ်ကို စွဲကိုင်ထားပြီး  နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တင်ပြ ချက်နှင့် သီးခြားစီဖြစ်နေကြောင်း တွေ့ရသည်။
အစိုးရ၊ လွှတ်တော်၊ တပ် မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့အသီးသီးမှ ၃၂ ဦးတို့ တင်ပြသည့်အနက် အစိုးရက ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးနေသော နိုင်ငံပေါင်း ၂၈ နိုင်ငံရှိခြင်းနှင့် ဖက်ဒရယ်စနစ်နှစ်မျိုးရှိခြင်းကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံနှင့် သင့်လျော်သည့်မူကို ၀ိုင်းဝန်းညှိနှိုင်းကြရန် ဖိတ်ခေါ်ခဲ့သည်။

မည်သည့်အခြေအနေတွင် မဆို တပ်မတော်သည် အရပ် သားအုပ်ချုပ်မှုအောက်၌ရှိရေး၊လူမျိုးကို အခြေခံ၍ အမျိုးသား ပြည်နယ်နှင့် အမျိုးသားများပြည် နယ်တို့ကို ဖွဲ့စည်းရေး၊ စစ်တပ် သည်  ရွေးကောက်ခံအရပ်သား အုပ်ချုပ်မှုအောက်တွင်ရှိ၍ ဖက်ဒ ရယ်ပြည်ထောင်စုတပ်မတော်ကို သမ္မတအောက်တွင် ထားရှိရေး၊ ပြည်နယ်နှင့် ဗဟိုအာဏာခွဲဝေ ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အစရှိ သည်တို့အပါအ၀င် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည် ထောင်ရေးကို နိုင်ငံရေးပါတီများ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တင်ပြချက်များ၌ အသားပေးပြောကြားခဲ့သည်။ သို့သော် တပ်မတော်သားအစုအဖွဲ့ နှင့် ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပထ၀ီ အပေါ် အခြေခံသောစနစ်တို့ကို အသားပေးတင်ပြခဲ့သည်။

‘‘ကျွန်တော်တို့ ချင်းတွေကို ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ် စီမံချင်ပါတယ်။ ထိုနည်းလည်း ကောင်းပဲ ပြည်ထောင်စုတစ်ဝန်း လုံးကို ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများအားလုံးနဲ့ ပူးပေါင်းပြီးတော့ အတူတကွ တန်းတူရည် တူစီမံအုပ်ချုပ်ချင်ပါတယ်ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်း အုပ်ချုပ်ခြင်းကို ပေါင်းစပ်ထား တဲ့ ဖက်ဒရယ်စနစ်ကို ကျွန်တော် တို့ လိုချင်တဲ့ အကြောင်းတင်ပြ ရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်’’ဟု ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ (၂)ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းက တင်ပြသည်။

တပ်မတော်သားအစုအဖွဲ့ မှ သုံးဦးက ဆွေးနွေးရာတွင် ကနေဒါဖက်ဒရယ်ဆိုင်ရာ ပညာရှင် ပါမောက္ခ ရော်နယ်ဝတ်စ်ကို အ ကြိမ်ပေါင်းများစွာ ထပ်တလဲလဲ ရည်ညွှန်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ဖက်ဒရယ်စနစ်၏ ၀ိသေသလက္ခဏာရပ်များ များစွာ ပါဝင်နေသည်ဟု သုံးဦးစလုံးက တင်ပြခဲ့သည်။

‘‘ဒီနေ့တိုင်းရင်းသားအဖွဲ့ တွေရဲ့ တင်ပြမှုတွေကို Impress ဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့ တော်တော်များများက အတော် ပြင်ဆင်လာကြတယ်။ အနာဂတ် အတွက် မူဝါဒ Package လိုက် ရှိတယ်။ တပ်ကတော့ ၂၀၀၈ အခြေခံဥပဒေကို မူတည်ပြီး သူ့မူ ၀ါဒကို ပြင်ဆင်ထားတယ်။ ပြည်မနိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါ တီတွေအနေနဲ့ အသွင်ကူးပြောင်း မှုဖြစ်စဉ်ကို ပိုမိုဆုပ်ကိုင်လိုက်ပါ နိုင်ဖို့အတွက်  ဒီထက်အားကောင်းဖို့၊ စွမ်းရည်မြင့်ဖို့လိုတယ်လို့ မြင် ပါတယ်’’ဟု ၂၁ ရာစုပင်လုံညီလာ ခံတွင် ပါဝင်သင့်ပါဝင်ထိုက်သူ အဖြစ် တက်ရောက်နေသည့် တကောင်းနိုင်ငံရေးလေ့လာမှု အ ဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲက သုံးသပ်သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးကလည်း ပါတီ၏မူကိုတင်ပြရာ ဒို့တာဝန်အရေးသုံးပါးကို ဆုပ်ကိုင်ထားကြောင်း၊ ပထ၀ီအနေအထားကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသင့်ကြောင်း၊ ရှစ်ပြည်နယ်မူနှင့် အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်စသည့် မူများသည် စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များက ပြည်နယ်များ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေး၊ လူမှု ရေးကဏ္ဍအသီးအသီးတွင် ဗဟို အစိုးရနှင့် အာဏာခွဲဝေမှုရှိမည့် မူအသီးသီးကို တင်ပြခဲ့သည်။

သမ္မတဦးသိန်းစိန်လက် ထက် ၂၀၁၆ ဇန်န၀ါရီက ပြုလုပ် ခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံတွင်လည်း ပြည်နယ် လက္ခဏာနှင့် ပတ်သက်၍ တပ် မတော်နှင့် တိုင်းရင်းသားအင် အားစုများ၊ နိုင်ငံရေးပါတီများအ ကြား သဘောထားကွဲလွဲခဲ့သည်။ အစုအဖွဲ့အသီးသီး၏ တင်ပြချက်များကို မှတ်တမ်းအဖြစ် စုစည်းပြီးနောင်တွင် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးနိုင်ရန် ရည်ရွယ်ထားသည်။

Credit to – 7 Day Daily