ဖရူဆို မဲဆန္ဒနယ်လက်လွှတ်ခဲ့ရ၍ ပြည်နယ်ပါတီ ခေါင်းဆောင်များကို ဒီချုပ်အရေးယူမည်

ကြားဖြတ်ရွေးကောက်ပွဲ အတွက် လစ်လပ်မဲဆန္ဒနယ်တစ် ခုဖြစ်သည့် ကယားပြည်နယ် ဖရူ ဆိုအမှတ် (၁) မဲဆန္ဒနယ်တွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းအမည်စာ ရင်းတင်သွင်းရန် ပျက်ကွက်ခဲ့၍ ပြည်နယ်ပါတီခေါင်းဆောင်များကို အရေးယူမည်ဟု ဇန်န၀ါရီ ၇ ရက်တွင် ပြုလုပ်သော ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။
ယင်းပျက်ကွက်မှုကြောင့် ဖရူဆိုမဲဆန္ဒနယ်ကို ဒီချုပ်က မယှဉ်ပြိုင်ရဘဲ လက်လွှတ်ခဲ့ရသည်။

ကယားပြည်နယ် ဒီချုပ်ဥက္ကဋ္ဌဒေါက်တာခင်စည်သူနှင့် ဖရူဆိုမြို့နယ် ဒီချုပ်ဥက္ကဋ္ဌတို့ ကို အရေးယူမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

‘‘ဒါဘယ်လိုမှ ဆင်ခြေပေး လို့မရတဲ့ ပျက်ကွက်မှုပဲ’’ဟု ၎င်း က ပြောသည်။

မည်သို့ အရေးယူမည်ကို ဗဟိုအလုပ်အမှုဆောင်အတွင်း ရေးမှူးအဖွဲ့ဝင်ဦးဉာဏ်ဝင်းက တရားဝင် စာထုတ်မည်ဖြစ်ကြောင်း ဦးဝင်းထိန်ကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်အ သီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းအမည်စာ ရင်းတင်သွင်းခြင်းကို ၂၀၁၆ နိုဝင် ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၇ ရက် အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထား သည်။ သို့သော် အချိန် ၁၀ ရက် ပေးထားသော်လည်း ဖရူဆိုမှ ၀င် ရောက်ယှဉ်ပြိုင်မည့် ဒီချုပ်ကိုယ် စားလှယ်လောင်းအတွက် သတ် မှတ်ရက်အတွင်း အချိန်စာရင်း မပေးနိုင်ခဲ့ပေ။

မဲဆန္ဒနယ် ၁၄ ခုသာရှိသော ကယားပြည်နယ် လွှတ်တော်မဲ ဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက် ပွဲ၌ ဒီချုပ်က ၁၁ နေရာအနိုင်ရရှိခဲ့ ပြီး ပြည်ခိုင်ဖြိုးက သုံးနေရာအနိုင် ရခဲ့သည်။ ဖရူဆိုအမှတ် (၁)မှ ဒီ ချုပ်ကိုယ်စားလှယ် ဦးသိုးရယ် ကွယ်လွန်၍ လစ်လပ်ခဲ့ခြင်းဖြစ် သည်။

ဖရူဆိုအမှတ် (၁) မဲဆန္ဒ နယ်တွင် ယှဉ်ပြိုင်ရန် အမျိုးသား တိုးတက်ရေးပါတီ၊ ပြည်ခိုင်ဖြိုးပါ တီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ(ကယားပြည်နယ်) တို့က အမည်စာရင်းပေးထားသည်။

ဒီချုပ်သည် ယင်းသို့ လက် လွှတ်ခဲ့ရသည်မှာ ပထမဆုံးအ ကြိမ်မဟုတ်ဘဲ ၂၀၁၅ ရွေး ကောက်ပွဲကလည်း ကယားပြည် နယ်၌ပင် ဖြစ်ခဲ့ဖူးသည်။ အမျိုး သားလွှတ်တော်အမှတ် (၁၀) မဲ ဆန္ဒနယ်တွင် ဒီချုပ်ကိုယ်စား လှယ်လောင်း ဦးဖြိုးဝေအောင်မှာ အသက် မပြည့်၍ မပြိုင်လိုက်ရဘဲ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးစိုင်း သာစိန်က အနိုင်ရခဲ့သည်။

Source – 7 Day Daily