မန္တလေးစည်ပင်ရွေးကောက်ပွဲ နှစ်လကျော်ချိန်အထိ ကော်မတီဝင်များ ခန့်အပ်နိုင်ခြင်း မရှိသေး

မန္တလေးမြို့တော် စည် ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲများ ကျင်းပပြီးစီး သည်မှာ နှစ်လကျော်ကြာမြင့် သော်လည်း ကော်မတီဝင်များ အ တည်ပြုခန့်အပ်နိုင်ခြင်းမရှိသေး  ကြောင်း သတင်းရရှိသည်။
ရွေးကောက်ခံစည်ပင်ကော် မတီဝင်လောင်းများထဲမှ ပြည်ကြီး တံခွန်မြို့နယ်တွင် မဲအများဆုံး ရရှိသည့်ကိုယ်စားလှယ် ကန့် ကွက်ခံထားရမှုကို စစ်ဆေးနေ ဆဲဖြစ်၍ အခြားကိုယ်စားလှယ်များပါ အတည်ပြုခန့်အပ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်ဟု မန္တ လေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးဇော်  တင်မိုးကပြောသည်။

‘‘ကန့်ကွက်ထားတဲ့အမှုက စစ်နေတုန်းရှိပါသေးတယ်။ ဒီလ ကုန်လောက်မှ စစ်တာက ပြီးမယ်။ကော်မရှင်က စစ်ဆေးတာကို မကျေနပ်ရင် အယူခံတက်လို့ရ သေးတယ်။ အစိုးရအဖွဲ့က ဆုံး ဖြတ်တာကမှ အတည်ဖြစ်မှာ။ နောက်လထဲလောက်မှ ခန့်အပ် နိုင်မယ်ထင်တယ်’’ဟု ဦးဇော်တင် မိုးက ပြောကြားသည်။

ရွေးကောက်ခံစည်ပင်ကော် မတီဝင်များနှင့် တိုင်းအစိုးရအဖွဲ့ က တိုက်ရိုက်ခန့်အပ်ခွင့်ရှိသည့် စည်ပင်ကော်မတီဝင်များကို တစ် ပြိုင်တည်းခန့်အပ်ပြီး ကော်မတီ ၀င်အသစ် ပြန်လည်ဖွဲ့စည်းရန် စီစဉ်ထားကြောင်း မန္တလေးမြို့ တော်ဝန်က ပြောကြားထား သည်။

ရွေးကောက်ခံကော်မတီဝင် များ ခန့်အပ်နိုင်ခြင်းမရှိသေးသ ကဲ့သို့ တိုင်းအစိုးရအဖွဲ့က တိုက် ရိုက်ခန့်အပ်ခွင့်ရှိသူများကိုလည်း မခန့်နိုင်သေးဘဲ စည်ပင်ကော်မ တီသစ်ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့်အပေါ် မြို့ခံအချို့ က ဝေဖန်နေသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့ နှင့် တာဝန်ရှိသူများအနေဖြင့် စည်ပင်သာယာဥပဒေအရ ပေး အပ်ထားသည့် တာဝန်များကို ကျေပွန်အောင် ထမ်းရွက်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်ဟု ခံစားရ ကြောင်း မန္တလေးမြို့ခံအချို့က ပြောသည်။

စည်ပင်သာယာရေးကော် မတီမရှိဘဲ မြို့တော်ဝန်၏ ဆုံး ဖြတ်ချက်ဖြင့် မြို့တော်စည်ပင် သာယာရေးလုပ်ငန်းများ လုပ်ကိုင်နေသည်မှာ ဥပဒေနှင့် မညီဘဲ ကော်မတီအသစ်မဖွဲ့နိုင်၍ မြို့ခံများနစ်နာမှုရှိနေကြောင်း မန္တလေးမြို့ခံ ဦးမြကျော်ဦးက ပြောသည်။

‘‘စည်ပင်သာယာမှာ ကိုယ် ရွေးထားတဲ့ ကိုယ်စားလှယ်မရှိ သေးတာ၊ အစိုးရက ခန့်အပ်ရ မယ့် သက်ဆိုင်ရာပညာရှင် ကော် မတီဝင်တွေမရှိသေးတာ မြို့ခံ တွေအတွက် နစ်နာတယ်။ လမ်း မှာ မီးပွိုင့်တပ်ဆင်တာမျိုးကအစ သက်ဆိုင်ရာ ပညာရှင်ကော်မတီ   ၀င်ရှိရင် ဆွေးနွေးတင်ပြလို့ရ တယ်။ အရင်ကော်မတီတုန်းက ဆို စာရေးပို့ရင်ကို ဖိဖိစီးစီးလုပ် ပေးကြတယ်။ အခုဟာက မြို့ တော်ဝန်ပဲဆိုတော့ ကိုယ်ရွေး ထားတဲ့ သူလောက်တော့ ပြောဖို့ ခက်တယ်။ စည်ပင်နဲ့ မြို့လူထု အကြား နွေးထွေးမှုသိပ်မရှိတော့ သလို ဖြစ်နေတယ်’’ဟု ဦးမြကျော် ဦးက ပြောသည်။

Source – 7 Day Daily