ရှမ်းပြည်နယ်ဒီချုပ်အလုပ်အမှုဆောင်အသစ်စာရင်း ထွက်ရှိလာပြီးနောက် ပါတီဝင်အချို့ နုတ်ထွက်စာတင်

အဆိုပါလူစာရင်းကို မသိရှိကြောင်းနှင့် အဖွဲ့ချုပ်ထံ ဥပဒေကြောင်းအရ တင်ပြမည်ဟု လက်ရှိပြည်နယ်ဥက္ကဋ္ဌပြော

အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်ဦးဝင်းထိန်လက် မှတ်ရေးထိုးထားသည့် ရှမ်းပြည် နယ်ဒီချုပ်အလုပ်အမှုဆောင်အ ဖွဲ့သစ်လူစာရင်းထွက်ရှိလာခြင်း ကို မသိရှိသေးကြောင်း လက်ရှိရှမ်းပြည်နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ယူထားသော ဒေါ်ခင်မိုးမိုးက စက်တင်ဘာ ၈ရက်တွင် ပြောကြားသည်။
ရှမ်းပြည်နယ်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အလုပ်အမှု ဆောင်အဖွဲ့သစ်ရွေးချယ်သည့်စာရင်းဟုဆိုကာ စက်တင်ဘာ ၅ရက်စွဲဖြင့် ဦးဝင်းထိန် လက်မှတ်ရေးထိုးထားသည့် စာရွက်သည် စက်တင်ဘာ ၆ရက်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာခဲ့သည်။

အဆိုပါအလုပ်အမှုဆောင် လူစာရင်းလူမှုကွန်ရက်စာမျက် နှာပေါ်သို့ပျံ့နှံ့လာပြီးနောက်  လင်း ခေးခရိုင်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးအောင်မြတ်စိုး၊ တောင်ကြီးမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးခွန်သန်းလွင်နှင့် အတွင်းရေးမှူးဦးဇော်ဝင်းထူးတို့က နုတ်ထွက်စာတင်ထားကြောင်း ကာယကံရှင်များထံမှ သိရသည်။

အဆိုပါစာရင်းအရ အလုပ် အမှုဆောင်အဖွဲ့သစ်သည် အများ ဆန္ဒဖြင့်ရွေးချယ်ထားခြင်းမဟုတ် ဟု ဒေါ်ခင်မိုးမိုးကပြောသည်။

လက်ရှိ အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ၂၀၁၅ ရွေး ကောက်ပွဲကာလတွင် မဲအောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ ခြင်းမရှိ၍ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းထိန်က စက်တင်ဘာ ၅ရက်၌ တောင်ကြီးမြို့ရောက်ရှိစဉ်က ပြောကြားခဲ့သည်။

‘‘ဦးဝင်းထိန်သဘောထား တစ်ခုနဲ့ ဖွဲ့လို့မရပါဘူး။ ဒါကို ဗဟိုအလုပ်အမှုဆောင်အစည်း အဝေးမှာ အဖွဲ့ချုပ်ကို သိရှိစေဖို့ အတွက် တရားဥပဒေလမ်း ကြောင်းအရတင်ပြသွားပါ့မယ်။ ကျွန်မတို့အပေါ် ဦးဝင်းထိန်ရဲ့ စွပ် စွဲချက်တွေကိုလည်းဖြေရှင်းသွား ပါ့မယ်’’ဟု ဒေါ်ခင်မိုးမိုးကပြော သည်။

ရှမ်းပြည်နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ခင်မိုး မိုးနှင့်အခြားအလုပ်အမှုဆောင် များရှိနေလျက် နောက်ထပ်အ လုပ်အမှုဆောင်အဖွဲ့သစ်တစ်ခု ဖွဲ့စည်းခြင်းသည် ဗဟိုကော်မတီ ၀င် ဦးဝင်းထိန်၊ ဦးကျော်ခင်၊ တောင်ကြီးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန်းငွေနှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တို့၏ ဆန္ဒဖြင့်ဆောင်ရွက် နေခြင်းဖြစ်ပြီး ဒီမိုကရေစီနည်း လည်းမကျကြောင်း ဒေါ်ခင်မိုးမိုးကပြောသည်။

ဦးဝင်းထိန် ရောက်ရှိနေစဉ်အတောအတွင်းမှာပင် အလုပ်အမှုဆောင်သစ်ရွေးချယ်ခြင်းကို ဝေဖန်သည့်စာများ ရေးသားခဲ့သည့် တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးတင်မောင်တိုးကိုလည်း ပါတီစည်းမျည်းဖောက်ဖျက်သည်ဟုဆိုကာ နှုတ်မိန့်ဖြင့်ထုတ်ပယ်ထားသည်။

‘‘ကျွန်တော့်ဘက်ကတော့ ဗဟိုအလုပ်အမှုဆောင်အစည်း အဝေးက ထုတ်ပြန်ချက်လည်းမ စောင့်တော့ပါဘူး။ တရားဝင်နုတ် ထွက်စာတင်ပါတော့မယ်။ ဘာ ကြောင့်လဲဆိုရင် ပါတီနဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာမကျအောင်လို့ နုတ်ထွက်ပေး တာပါ။ အဖြစ်မှန်တွေကိုတော့ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ဖော်ထုတ် တင်ပြသွားမှာပါ’’ဟု တောင်ကြီးခရိုင်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးတင်မောင် တိုးက ပါတီမှ နုတ်ထွက်စာမတင် မီ စက်တင်ဘာ ၈ရက်တွင်ပြော သည်။

ဦးဝင်းထိန်၏ လုပ်ရပ် ကြောင့် ရှမ်းပြည်နယ်အတွင်း အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှစ် ခြမ်းကွဲနေသည်ဟု ဝေဖန်ပြောဆို မှုများရှိနေသော်လည်း နှစ်ခြမ်းကွဲ ခြင်းမျိုးမဟုတ်ဘဲ ဗဟိုအလုပ်အ မှုဆောင်နှစ်ဦးနှင့် လူတစ်စု၏ လုပ်ရပ်ဖြစ်သည်ဟု ဒေါ်ခင်မိုးမိုး ကပြောသည်။

ဦးဝင်းထိန်၏ လက်မှတ်ရေး ထိုးထုတ်ပြန်သည့် ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်စာရင်းတွင် လက်ရှိတောင်ကြီးခရိုင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဇော်မင်းလတ်က ဥက္ကဋ္ဌ၊ ဦးမောင်မောင်စိန်က အတွင်းရေး မှူး၊ ဒေါ်စန်းစန်းမော်၊ ဦးနေဇော်နိုင်နှင့် စိုင်းသိန်းဝင်းထွန်းတို့က အဖွဲ့ဝင်အဖြစ် ဖော်ပြထားသည်။

‘‘ဒီလိုထုတ်ပြန်လိုက်တယ် ဆိုတာမျိုးကြားရပါတယ်။ ကျွန် တော့်ဆီတော့ တရားဝင်စာမ ရောက်လာသေးပါဘူး။ ရောက် လာရင်လည်း နုတ်ထွက်မှာပါ။ ဘာလို့ဆိုရင် လက်ရှိမြို့နယ်ဥက္က ဋ္ဌလည်းလုပ်နေတဲ့အတွက် တာ ၀န်နှစ်ခုမယူနိုင်လို့ပါ’’ဟု နမ့်စန် မြို့နယ် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌဦးနေဇော်နိုင်ကပြော သည်။

Credit to – 7DayDaily