ရှမ်းပြည်နယ်လွှတ်တော်တွင် ဒီချုပ်အမတ်တစ်နေရာတိုး

ပည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးပါဝင်သည့် စုံညီ ခုံရုံး၏ အပြီးသတ်ဆုံးဖြတ်ချက်အ ရ ပြည်ခိုင်ဖြိုးအမတ်အား ကိုယ် စားလှယ်လောင်း ကန့်ကွက်မှု တင်သွင်းသည့် ဒီချုပ်အမတ် အနိုင်ရရှိခဲ့သဖြင့် ရှမ်းပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တစ်ဦးတိုးလာသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ရပ်စောက်မဲဆန္ဒ နယ် အမှတ်(၁)မှ အနိုင်ရသူ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်ကို ဒီချုပ် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် က ကန့်ကွက်လွှာတင်သွင်းခဲ့ သည်။ ယင်းအမှုကို ရွေးကောက် ပွဲခုံရုံး ကြားနာစစ်ဆေးပြီးနောက် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်၏ ရွေးကောက်တင်မြှောက်ခံရမှု ပျက်ပြယ်ကြောင်း ဆုံးဖြတ်ခဲ့ သည်။

ခုံရုံးဆုံးဖြတ်ချက်ကို ပြည် ခိုင်ဖြိုး ကိုယ်စားလှယ်က အယူခံ တက်ခဲ့ရာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် စုံညီခုံရုံးက ဇွန်လတွင် နှစ်ဖက်လျှောက်လဲ ချက်များကို ကြားနာခဲ့သည်။

ထို့နောက် ဇူလိုင် ၁၂ ရက် တွင် အပြီးသတ်ဆုံးဖြတ်ချက်ချခဲ့ ရာ ခုံရုံး၏ မူလဆုံးဖြတ်ချက်အ တိုင်းပင် စုံညီခုံရုံးက ဆုံးဖြတ်ခဲ့ သည်။ ယင်းဆုံးဖြတ်ချက်မှာ အ ယူခံမှုများအနက် ပထမဆုံးအပြီး သတ် ဆုံးဖြတ်ချက်လည်းဖြစ် သည်။

‘‘ကျွန်တော် လွှတ်တော်သွား တက်ရတော့မယ်’’ဟု ဦးခိုင်ညီညီ ကျော်က ပြောသည်။

ပါတီ ခုနစ်ခုနှင့် တစ်သီး ပုဂ္ဂလတစ်ဦးတို့ ယှဉ်ပြိုင်ကြသော ရှမ်းပြည်နယ် ရပ်စောက် မဲဆန္ဒ နယ်အမှတ်(၁)၌ ဦးအောင်ကျော် ညွန့်နှင့် ဦးခိုင်ညီညီကျော်တို့ကြား မဲကွာဟချက်မှာ တစ်ထောင်စွန်း စွန်းသာရှိသည်။

သို့သော် ဦးအောင်ကျော် ညွန့်သည် ဦးခိုင်ညီညီကျော်ထက် ကြိုတင်မဲ ၁,၁၇၇ ဖြင့် ရွေး ကောက်ပွဲတွင် အနိုင်ရခဲ့သည်။

ရှမ်းပြည်နယ်လွှတ်တော် တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် မှာ အများဆုံးဖြစ်ပြီး ၃၃ ဦးအထိ ရှိသည်။ ယခု ဆုံးဖြတ်ချက်အရ ၃၂ ဦးသာကျန်တော့မည်ဖြစ် သည်။ ဒီချုပ်ကိုယ်စားလှယ်မှာ ယခင်က ၂၃ ဦးသာရှိရာ ဦးခိုင်ညီ ညီကျော် လွှတ်တော်တွင်းရောက်ရှိလာပါက ၂၄ ဦးအထိ ရှိလာမည်ဖြစ်သည်။ သို့ဖြစ်ရာဒီချုပ် ကိုယ်စားလှယ်အရေအတွက် ၂၄ဦးရှိသော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် တူညီခဲ့ပြီဖြစ်သည်။

Source – 7 Day Daily