လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ညှိနှိုင်းရန် အပစ်ရပ်နှင့် အပစ်မရပ်အဖွဲ့များ၊ နိုင်ငံရေး ပါတီများ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာတွေ့ဆုံမည်

လက်ရှိငြိမ်းချမ်းရေးဖြစ် စဉ်အပေါ် ညှိနှိုင်းဆွေးနွေးရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ NCA မထိုးရသေးသည့် အဖွဲ့များနှင့် နိုင်ငံရေးပါတီ များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ဒီဇင်ဘာ ၂၇ ရက်မှ စတင်၍ သုံးရက်ကြာ တွေ့ဆုံမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ ကို NCA မထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC)က ကမကထပြု ဆောင်ရွက်ခြင်းဖြစ် ကြောင်း UNFC ထံမှ သိရသည်။
‘‘ကျွန်တော်တို့ ရည်ရွယ် ချက်က လက်ရှိငြိမ်းချမ်းရေးဖြစ် စဉ်အပေါ်မှာ ကျွန်တော်တို့ ပါ ၀င်ပတ်သက်နေသူတွေ အားလုံး ညှိနှိုင်းတိုင်ပင်ကြမယ့် အစည်း အဝေးပါပဲ။ ကျွန်တော်တို့ UNA မိတ်ဖက်အဖွဲ့အစည်းတွေကို ဖိတ်ထားပါတယ်။ CT (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့၏ ညှိ နှိုင်းရေးအဖွဲ့) ဘက်ကိုလည်း ကျွန်တော်တို့ ဖိတ်ထားပါတယ်။ လက်ရှိသွားနေတဲ့ ဖြစ်စဉ်က သူ တစ်ပေါက် ငါတစ်ပေါက်နဲ့ မဖြစ် ဖို့ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အ ထောက်အကူပြုဖို့ပေါ့။ ပါဝင် ပတ်သက်နေသူတွေ ကြားထဲမှာ လက်မှတ်ထိုးတဲ့လူ၊ မထိုးတဲ့လူ တွေကြားထဲမှာ စိတ်ဝမ်းကွဲပြားမှု တွေ မဖြစ်ဖို့ပေါ့ဗျာ’’ဟု UNFC တွဲဖက် အထွေထွေအတွင်းရေး မှူး (၁) ဦးထွန်းဇော်ကပြောသည်။အစိုးရနှင့် တပ်မတော်၏ ဆောင်ရွက်မှုများသည် တိုင်းရင်း သားများအကြား ခွဲခြားဆက်ဆံမှုများ ဖြစ်နေသည်ဟု ယူဆ ကြောင်း၊ NCA လက်မှတ်ထိုးလျှင် အခွင့်အလမ်းရပြီး NCA လက် မှတ်မထိုးပါက ဒဏ်ပေးသည့်ပုံစံ မျိုးဖြစ်နေကြောင်း လက်ရှိ ၂၁ ရာစု တိုင်းပြည်ပြန်လည်ထူ ထောင်ရေး လုပ်ဆောင်ရာတွင် အတိတ်ကဖြစ်ခဲ့သည့် သင်ခန်းစာများကိုရယူပြီး ရှေ့ဆက်အတူတကွ ငြိမ်းချမ်းစွာတိုင်းပြည်ထူ ထောင်ရေးလုပ်ဆောင်နိုင်ရန် လို အပ်ကြောင်း ဦးထွန်းဇော်ကပြောသည်။

ချင်းမိုင်မြို့တွင် ကျင်းပမည့် အစည်းအဝေးသို့ တိုင်းရင်းသား နိုင်ငံရေးပါတီများဖြင့် စုဖွဲ့ထား သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ (UNA)မှ ကိုယ်စားလှယ်၁၀ ဦး တက်ရောက်ရန် ဖိတ်ကြား ခံရကြောင်း၊ UNA အဖွဲ့ဝင်ပါတီ ၁၅ ခုအနက်မှ ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မည်သည့်အကြောင်းအရာ များ ဆွေးနွေးမည်ဟု ဖိတ်ကြားမှု တွင် အသေးစိတ်မပါဝင်သော် လည်း UNA ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် လာမည့်ဖေဖော်ဝါရီ တွင် ကျင်းပမည့် ဒုတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးအ တွက် ပြင်ဆင်မှုများ လုပ်ဆောင် နေသည်ဟု UNA အဖွဲ့ဝင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ် (SNLD)ပါတီပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းလိတ်ကဆိုသည်။

‘‘ကျွန်တော်တို့ ၂၁ ရာစု ပင် လုံညီလာခံဆိုပြီး ပြီးခဲ့တဲ့ သြဂုတ် ကစပြီး စက်တင်ဘာအထိ တစ်ခါကျင်းပပြီးသွားပြီ။ အဲဒီတုန်းက တိုင်းရင်းသားတွေရဲ့ ရင်ထဲက အသံတွေပဲကြားရတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ဘာတစ်ခုမှ မချမှတ် နိုင်ဘူး။ အခုတစ်ကြိမ် ထပ်ပြီး ကျင်းပမယ့် ညီလာခံမှာတော့ နိုင်ငံရေးအတွက် အဓိပ္ပာယ်ရှိပြီး အနှစ်သာရရှိမယ့် ဆုံးဖြတ်ချက် မျိုး ချနိုင်အောင် တိုင်းရင်းသား တွေဘက်ကရော သက်ဆိုင်ရာ အစိုးရဘက်ကပါ ၀ိုင်းဝန်းကြိုး ပမ်းကြဖို့လိုတယ်။ အဲဒါကြောင့်မို့လို့ တိုင်းရင်းသားတွေကလည်းပဲ ၀ိဝါဒမကွဲပြားဘဲ တစ်သံတည်း ထွက်နိုင်အောင် အားလုံးဝိုင်းဝန်း ဆွေးနွေး ဆောင်ရွက်ရမယ်လို့ မြင်ပါတယ်’’ဟု ဦးစိုင်းလိတ်က ပြောသည်။

UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံ သာ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ‘၀’လက်နက် ကိုင်အဖွဲ့ UWSA ခေါင်းဆောင် များဖြင့် သွားရောက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သ တင်းရရှိသည်။

NCA လက်မှတ်ရေးထိုးထား သည့် ပအိုဝ်းတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ PNLO ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက လည်း ‘‘မြောက်ပိုင်းသွားတဲ့ အ ပစ်မရပ်သေးတဲ့ ကိုယ်စားလှယ် အဖွဲ့ပေါ့ဗျာ။ သူတို့ မြောက်ပိုင်း သွားတာ တွေ့ပါတယ်။ မြောက် ပိုင်းသွားတာ ပြန်ရောက်ပြီ ၂၄ ရက်နေ့လောက်က။ သတင်းရ တာကတော့ ချင်းမိုင်မှာ ၂၇၊ ၂၈၊၂၉ မှာ တွေ့ဆုံပွဲရှိတယ်လို့တော့ သတင်းရတယ်။ သို့သော်လည်း ဘယ်လိုပုံစံနဲ့လဲတော့ အတိအ ကျမသိသေးဘူး။ ဘာပဲဖြစ်ဖြစ် တော့ အဲဒီခရီးသွားအဖွဲ့တွေ ပြန် ရောက်တဲ့အခါကျတော့ သူတို့ အတွေ့အကြုံတွေ ပြန်ညှိနှိုင်းဖို့ နောက်လာမယ့် နှစ်သစ်မှာ အစီ အစဉ်ရေးဆွဲဖို့ ဖြစ်မှာပေါ့ဗျာ’’ဟု ပြောသည်။

Source – 7 Day Daily