လွှတ်တော်စတုတ္ထ ပုံမှန်အစည်းအဝေးများ ဇန်နဝါရီလကုန် ပြန်လည်ခေါ်ယူမည်

ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်များ၏ စတုတ္ထပုံမှန်အစည်း အဝေးများကို ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပရန် ပြန်လည်ခေါ်ယူ ခဲ့သည်။
ပြည်သူ့လွှတ်တော်နှင့်အ မျိုးသားလွှတ်တော်အစည်းအ ဝေးများကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ပြီး  ပြည်ထောင်စုလွှတ်တော်ကို မွန်းလွဲ ၁ နာရီ၌ ကျင်းပမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ပထမပုံ မှန်အစည်းအဝေးမှ တတိယပုံမှန် အစည်းအဝေးအထိ ကြယ်ပွင့်ပြ မေးခွန်းနှင့် ကြယ်ပွင့်မပြ မေးခွန်း စုစုပေါင်း  ၁,၆၁၂ ခုမေးမြန်းခဲ့ ကြောင်း ပြည်သူ့လွှတ်တော်က ဇန်နဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်ပြီး အဆိုအားဖြင့် စုစုပေါင်း ၃၄ ခုဖြစ်ကာ အရေးကြီးအဆို ကိုးခုပါဝင်ခဲ့သည်။

အမျိုးသားလွှတ်တော်ပထ မပုံမှန်အစည်းအဝေးမှ တတိယ ပုံမှန် အစည်းအဝေးကာလအ တွင်း ကြယ်ပွင့်ပြမေးခွန်း စုစု ပေါင်း ၂၈၄ ခုနှင့် အဆိုစုစုပေါင်း ခြောက်ခုတင်သွင်းခဲ့သည်။

၂၀၁၆ အတွင်း ပြည်ထောင် စုလွှတ်တော်က ဥပဒေပေါင်း ၄၄ ခု ပြဋ္ဌာန်းနိုင်ခဲ့သည်။

ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော်တတိယပုံမှန်အစည်းအဝေးတွင် ၂၀၁၆-၁၇ ဘဏ္ဍာ နှစ် ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အစိုးရ၏ ဘတ်ဂျက်ကို ခွင့်ပြုပေးခဲ့သည်။

ဒုတိယအကြိမ် လွှတ်တော် များ၏တတိယပုံမှန်အစည်းဝေး များကို ၂၀၁၆ ဒီဇင်ဘာ ၂၁ ရက် တွင် ရပ်နားခဲ့သည်။

Source – 7 Day Daily