ဦးဝင်းထိန်အား ပါတီမှ အနားပေးကြောင်း ကြေညာချက်အတုထုတ်သူကို အရေးယူနိုင်ရေး စုံစမ်းပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြ

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် တံဆိပ်တုံး ပုံစံအ သုံးပြုကာ ပါတီထိပ်ပိုင်းခေါင်း ဆောင် ဦးဝင်းထိန်ကို ပါတီတာဝန် မှ အနားပေးကြောင်း ကြေညာ ချက်အတု ဖေ့စ်ဘွတ်ခ်တွင် ထုတ် ပြန်သူကို အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်ပေးရန် ပြည်ထဲရေးဝန် ကြီးဌာနသို့ တင်ပြခဲ့ကြောင်းပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့  အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
သတင်းကြေညာချက်အတု သည် ဦးဝင်းထိန်ကို ပါတီတာဝန် အရပ်ရပ်မှ အနားပေးကြောင်း ဖော်ပြထားပြီး ယင်းကြေညာချက်အတု ထုတ်ပြန်သူကို စုံစမ်းဖော်ထုတ်ပေးရန် ယခုလ ၂၇ ရက်က ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများထံ တင်ပြထားခြင်းဖြစ် သည်ဟု ဦးဝင်းထိန်က ဆိုသည်။

‘‘ပထမက ထားလိုက်ပါ ပေါ့။ ကျွန်တော့်ကိုလည်း တိုက် တဲ့ဟာတွေက ခဏခဏလာ တော့ ထားလိုက်ပါပေါ့၊ လုပ်မနေပါနဲ့ကွာ၊ အလကားအလုပ်ရှုပ် တယ်။ တစ်ချိန်ကျ သူတို့ဘာသာ သူတို့ သွားကြမှာပါ၊ လုပ်ပေမယ့် အပေါင်းအသင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေက ခင်ဗျား အဲဒီလို လုပ်လို့မရဘူး။ အဖွဲ့ချုပ်တံဆိပ် ကို အလွဲသုံးစားလုပ်ထားတာလို့ ပြောတယ်။ သူတို့ပြောတာမှန်တဲ့ အတွက်ကြောင့်မို့ အဖွဲ့ချုပ်တံ ဆိပ်ကို အတုလုပ်တာမို့ ပြည်ထဲ ရေးက လုံခြုံရေးဆိုင်ရာသူတွေ ကို အပ်လိုက်တယ်’’ဟု ၎င်းက ပြောကြားသည်။

သက်ဆိုင်ရာက သတင်းကြေညာချက်အတု ထုတ်ပြန်သူကို စုံစမ်းဖော်ထုတ်နိုင်လျှင် တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု ဦးဝင်းထိန်ထံမှ သိရသည်။

ယခုလ ၂၃ ရက်စွဲပါကြေညာချက်အတုတွင်  ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် အတွင်းရေး မှူးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်သည် ကျန်းမာရေးအခြေအနေ ချို့ယွင်းနေသဖြင့် ပါတီလုပ်ငန်းတာဝန်အသီးသီးမှ အနားယူ ခွင့်ပြုသည်ဟု ဖော်ပြထားသည်။

ကြေညာချက်ထွက်ပေါ်လာ ပြီးနောက် ကာယကံရှင် ဦးဝင်း ထိန်နှင့် ပါတီဗဟိုအလုပ်အမှု ဆောင် ဦးဉာဏ်ဝင်းတို့က ထွက် ပေါ်နေသော ကြေညာချက်သည် အတုဖြစ်ကြောင်း ပြောကြား သည်။

ပါတီမှ အနားပေးကြောင်း ကြေညာချက်အတု ထုတ်ပြန်ကာ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်ခံရ သော ဦးဝင်းထိန်သည် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ငါးဦးတွင် တစ်ဦးအပါအဝင်ဖြစ်ကာ ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးလည်းဖြစ် သည်။

၎င်းသည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ဒီချုပ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေ။ ထို့အပြင် ဦးဝင်းထိန်သည် ဒီချုပ် အတိုက်အခံပါတီအဖြစ် ရပ်တည်နေစဉ်ကာလများတွင် ဒေါ်အောင် ဆန်းစုကြည်၏ လုံခြုံရေးပိုင်း တာဝန်ယူပေးရသူဖြစ်သည်။

Credit – 7 Day Daily