ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မည်မဟုတ်

ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီထိပ်ပိုင်း ခေါင်းဆောင်များကြားဖြတ်ရွေး ကောက်ပွဲဝင်မည်မဟုတ်ကြောင်းပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီကပြောကြားသည်။
‘‘သူတို့ရဲ့ မဲဆန္ဒနယ်တွေက မလစ်လပ်လို့လေ’’ဟု ၎င်းကပြော သည်။

ပါတီတွင်းရာထူးအပြောင်း အလဲပြုလုပ်ခဲ့သော်လည်း ဦးသိန်း စိန်၊ ဦးဌေးဦးအစရှိသောယခင် ခေါင်းဆောင်ပိုင်းအများစုသည် ဗဟိုဦးဆောင်ကော်မတီဝင်များဖြစ်ကြသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ထိပ်တန်းခေါင်းဆောင်အနည်းငယ်မှလွဲ၍ ပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်း အားလုံးနီးပါးရွေးကောက်ပွဲဝင်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။

ထိုစဉ်က ၀န်ကြီး ၁၈ဦးအ ထိ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ အများဆုံး ၀င်ပြိုင်ခြင်းဖြစ်သည်။ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည် ထောင်စုဝန်ကြီးဦးသိန်းညွန့်က မအူပင်တွင် လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန(၂)၀န်ကြီး ဦးစိုးမောင်က ရေစကြိုတွင်လည်း ကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၆)၀န်ကြီးဦးလှထွန်းကကျောက်ပန်းတောင်းတွင်လည်းကောင်း၊ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြ သည်။ သမ္မတရုံးဝန်ကြီးဌာန(၅) မှ နုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအထွေ ထွေအတွင်းရေးမှူးလုပ်ခဲ့သူ ဦး တင်နိုင်သိန်းသည် ကလောမြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်ခဲ့သည်။

သမ၀ါယမ၀န်ကြီးဦးကျော် ဆန်းက ပုလဲမြို့နယ်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဦးဝင်းမြင့်က ဒီပဲယင်း၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဒေါက်တာကံ ဇော်က စလင်း၊ ပို့ဆောင်ရေးဝန် ကြီးဦးဉာဏ်ထွန်းအောင်က နွား ထိုးကြီး၊ စက်မှုဝန်ကြီးဦးမောင် မြင့်က မင်းကင်း၊ ယဉ်ကျေးမှုဝန် ကြီးဦးအေးမြင့်ကြူက ညောင်ရွှေ၊ အားကစားဝန်ကြီးဦးတင့်ဆန်းက မြောင်းမြ၊ မွေးရေ၀န်ကြီးဦးအုန်း မြင့်က ကျောက်တန်း၊ ဘဏ္ဍာရေး ၀န်ကြီးဦးဝင်းရှိန်က တနင်္သာရီ တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၇)၊ လယ်ဆည်ဝန်ကြီးဦးမြင့် လှိုင်က ဒက္ခိဏသီရိ၊ကျန်းမာရေး ၀န်ကြီးဒေါက်တာသန်းအောင်က လမ်းမတော်နှင့်လျှပ်စစ်စွမ်းအား ၀န်ကြီးဦးခင်မောင်စိုးက လှည်း ကူးမဲဆန္ဒနယ်တို့မှ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အမျိုးသမီးဝန်ကြီးတစ်ဦး ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဒေါက်တာဒေါ်မြတ်မြတ် အုန်းခင်က ဧရာဝတီတိုင်းဒေသ ကြီးမဲဆန္ဒနယ်အမှတ်(၁၀)မှ ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည်။

‘‘ပြည်သူက ထောက်ခံနိုင် မယ့်လူတွေကို ဦးစားပေးရွေးချယ် မယ်’’ဟု ပါတီ၏ ကိုယ်စားလှယ် လောင်းရွေးချယ်သည့်မူကို ဦးခင် ရီကပြောကြားသည်။

ယခုလ နှောင်းပိုင်းတွင် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရမည်ဖြစ်သော်လည်း ရွေးချယ်မှုများမပြီးပြတ်သေး ကြောင်း ပါတီမှသိရသည်။ သို့ သော် ကော်မရှင်ကအချိန်မီတင် သွင်းမည်ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းမှု ကို နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၇ရက်အထိ သတ်မှတ်ထားသည်။

လာမည့်နှစ် ဧပြီ ၁ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကိုမဲဆန္ဒ နယ် ၁၉ခု၌ ပြုလုပ်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ် အားလုံး၌ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအနိုင် ရပါတီ ပြည်ခိုင်ဖြိုးသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ရှုံးနိမ့်ထားသည်။

Source – 7 Day Daily