ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲလက်မှတ် နှစ်သန်းကျော် ဖေဖော်ဝါရီလကုန် ရရှိမည်

ကြားဖြတ်ရွေးကောက်ပွဲ တွင် အသုံးပြုမည့် မဲလက်မှတ် နှစ်သန်းကျော်ကို ပြန်ကြားရေးဝန် ကြီးဌာနသို့ အပ်နှံထားပြီး ဖေဖော်ဝါရီ ၂၈ ရက်၌ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။

‘‘ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပေးရမယ်’’ဟု ပြန်ကြား ရေးဝန်ကြီးဌာနသို့ မဲလက်မှတ် များ ရိုက်နှိပ်ရန် အပ်နှံထားသည့်အခြေအနေကို ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြော ကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်နှစ်သန်းကျော်ရှိရာ မဲလက်မှတ် ၂၂ သိန်း (၂ ဒသမ ၂ သန်း) ရိုက်နှိပ်ရန် ဇန်နဝါရီ ၁၆ ရက်က အပ်နှံခဲ့ကြောင်း ကော်မရှင်မှ သိရသည်။

မဲလက်မှတ်များကို ပြန်ကြား ရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာ အုပ်ထုတ်ဝေရေး လုပ်ငန်းက တာဝန်ယူ ရိုက်နှိပ်ပေးမည်ဖြစ် သည်။

ကြားဖြတ်ရွေးကောက်ပွဲအ တွက် မဲလက်မှတ်များကို ၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ သော စက္ကူအမျိုးအစားကိုသာ အသုံးပြုမည်ဖြစ်ကြောင်း သိရ သည်။

ယင်းစက္ကူ အမျိုးအစား သည် မဲလက်မှတ်အတု မပြုလုပ် နိုင်ရန် လုံခြုံရေးအမှတ်တံဆိပ် ထည့်သွင်းထားသည့် စက္ကူအမျိုးအစားဖြစ်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အမှတ်တံဆိပ်ကို ရေစာထည့်သွင်းထား သော အဝါရောင် ဝူဖရီးစက္ကူဖြစ် ကာ အင်ဒိုနီးရှားနိုင်ငံမှ အထူးအော်ဒါ မှာယူတင်သွင်းခြင်းဖြစ် သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၃၄ သန်းကျော်ရှိပြီး မဲ လက်မှတ်များကို ပြန်ကြားရေးဝန် ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်းက တာဝန် ယူရိုက်နှိပ်ပေးခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေး ကောက်ပွဲတွင် ပြည်သူ့လွှတ် တော်အတွက် ဆန္ဒမဲလက်မှတ် အမျိုးအစား ၃၂၆ မျိုး၊ အမျိုးသားလွှတ်တော်အတွက် ၁၆၈ မျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်အတွက် တိုင်းရင်းသားလူ မျိုးစုကိုယ်စားလှယ် ၂၉ မျိုးအပါ အဝင် ၆၆၅ မျိုး၊ စုစုပေါင်း ဆန္ဒမဲ လက်မှတ်အမျိုးအစား ၁,၁၅၉ မျိုးအတွက် မဲလက်မှတ် သန်း တစ်ရာကျော် (၁၂၉,၇၉၃,၆၂၂) ကို ကော်မရှင်က မှာကြားပြီး မဲလက်မှတ် ငါးသိန်းခန့် ထပ်မံ မှာကြားခဲ့ရသည်။

နေပြည်တော်နှင့် ရန်ကုန် နှစ်နေရာခွဲရိုက်ပြီး မဲလက်မှတ် များ လုံခြုံရေးအရ ဝန်ထမ်းများကို စက်ရုံအတွင်း မိုဘိုင်းဖုန်း ယူ ခွင့်မပြုခဲ့ပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ် များသည် အညိုရောင်စက္ကူအထူ စားဖြစ်ပြီး လုံခြုံရေးအမှတ်အ သားများ ပုံနှိပ်သည့်အခါမှသာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ် ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ ၌ ပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာသည် ပြည်သူ့လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ် တော်အတွက် သုံးနေရာနှင့် ပြည်နယ်လွှတ်တော်အတွက် ခုနစ်နေ ရာဖြစ်သည်။

Source – 7 Day Daily