နိုင်ငံရေး ၁၃ ပါတီမှ ကာလုံ အစည်းအဝေးခေါ်ယူရန် တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ။             ။ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ကိစ္စများအပါအ၀င် နိုင်ငံတော်တွင် လတ်တလောဖြစ်ပွားနေသည့် အထွေထွေအကြပ်အတည်းများအပေါ် ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ အစိုးရအား ကာ/လုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး) အစည်းအဝေးခေါ်ယူရန် ယနေ့တိုက်တွန်းလိုက်သည်။party

ရခိုင်ပြည်နယ်တွင် ပိုင်နက်နယ်မြေဆုံးရှုံးမည့် အလားအလာများ ရင်ဆိုင်နေရပြီး အရှေ့မြောက်ဒေသတွင် စစ်ပွဲကို အကြောင်းပြု၍ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်များ ဖျက်ဆီးခြင်းခံနေရကြောင်း နိုင်ငံရေးပါတီ (၂၃) ခုမှ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

“ ပြီးခဲ့တဲ့ ၅ နှစ်မှာတော့ ကာလုံက နှစ်ပါတ် တစ်ခါ ခေါ်တယ်ခင်ဗျ။ အခု ၇လ၊ ၈လ ရှိပြီ။ မခေါ်ဘူး ။ တိုင်းပြည်မှာလည်း အကြပ်တည်းတွေကလည်း အများကြီးတွေ့နေပြီ။ စစ်ရေးမျက်နှာစာရော၊ အကြမ်းဖက်မှုရော ၊ နိုင်ငံရေးရော စီးပွားရေးရော အဲ့လောက်အကြပ်အတည်းတွေဖြစ်နေတဲ့အခါမှာ ကာလုံဟာ ဘယ်တော့မှ အခုထိ ခေါ်ဖူးခြင်းကို မခံရသေးဘူး။ တစ်ယောက် နှစ်ယောက်တည်း ဆုံးဖြတ်တာနဲ့စာရင် ၁၁ ယောက်က ဆုံးဖြတ်တာဆို ပိုမကောင်းဘူးလားနော် ။ အဲ့သဘောနဲ့ပါ ” ဟု အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာနေဇင်လတ်က ပြောဆိုသည်။

ရန်ကုန်မြို့တွင်လည်း ပေါက်ကွဲမှုများဖြစ်ပွားနေပြီး နိုင်ငံအနှံတွင်လည်း ရာဇ၀တ်မှုများ တိုးပွားလာခြင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းသည် နိုင်ငံတော်၏ အထွေထွေ အကြပ်တည်းများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ လုပ်တာ မလုပ်တာကတော့ သူ့ကိစ္စပေါ့။ ကျွန်တော်တို့ကတော့ ဖိအားဆက်ပေးသွားဖို့ ရှိတယ် ” ဟု ဒေါက်တာနေဇင်လတ်က ပြောသည်။

အဆိုပါကောင်စီ၏ လုပ်ပိုင်ခွင့်များကို ပထမအြ123ကိမ် လွှတ်တော်နှင့် အစိုးရသက်တမ်းအတွင်း၌ လက်တွေ့ကျင့် သုံးခဲ့ပြီးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရင်ဆိုင်နေရသည့် လုံခြုံရေး၊ စီးပွားရေး အထွေထွေအကြပ်အတည်းများ အကြမ်းဖက်မှု အန္တရာယ်များကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် မှန်ကန်စွာဆုံးဖြတ်နိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံးခေါ်ယူရန် တောင်းဆိုကြောင်းလည်း အဆိုပါထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ကာ/လုံအဖွဲ့ဝင် ၁၁ ဦးရှိပြီး နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်သည်။

ကာ/လုံ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက သဘာပတိအဖြစ် ဆောင်ရွက်ရမှာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့် မရှိကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

ပူးတွဲထုတ်ပြန်ချက်ကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် အမျိုးသားတိုးတက်ရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၃ ခုမှ ပူးတွဲထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်။

Source – Mizzma Media