တိုင်းနှင့်ပြည်နယ် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူအကျိုးရှေးရှုရန်တိုက်တွန်းနေဟု ဦးဝင်းထိန်ဆို

ပြည်သူ့အကျိုးကို ရှေး ရှုပြီး အလုပ်ကြိုးစားကြရန် တိုင်း နှင့်ပြည်နယ်အစိုးရနှင့် တိုင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များအား သွားရောက်တိုက် တွန်းနေသည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ဗဟိုအလုပ် အမှုဆောင်အတွင်းရေးမှူးအဖွဲ့ ၀င်ဦးဝင်းထိန်ကပြောသည်။
ထိုသို့သွားရောက်ခဲ့ရာတွင် ရန်ကုန်၊ ပဲခူး၊ ချင်း၊ကချင်၊ ရှမ်း၊ မွန်၊ တနင်္သာရီစသည့်တိုင်းနှင့် ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ NLDပါတီမှ အဖွဲ့ ၀င်အချင်းချင်းကြားနားလည်မှုလွဲ သည့်ကိစ္စများ၊ ပြဿနာများလာ ရောက်ညှိနှိုင်းပေးရန်ဖိတ်ကြား ချက်အရ သွားရောက်သည့်ခရီး စဉ်များလည်းပါဝင်ကြောင်း ၎င်း ကဆိုသည်။

‘‘ပြဿနာကြီးကြီးမားမားမ ရှိပါဘူး။ မဖြေရှင်းနိုင်တဲ့ပြဿနာ တစ်ခုမှမတွေ့ခဲ့ဘူး။ အချင်းချင်း နားလည်မှုလွဲတဲ့ကိစ္စတွေ နောက် ပြီးတော့ အစိုးရနဲ့ လွှတ်တော်၊ လွှတ်တော်နဲ့ ပြည်သူ၊ ပြည်သူနဲ့ NLD။ အဲဒီဟာတွေပိုပြီးတော့ လိုက်လျောညီထွေဖြစ်ဖို့ပေါ့။  ပြည်သူလူထုကထောက်ခံထား တဲ့အစိုးရဖြစ်တဲ့အခါမှာ တိုင်းနဲ့ ပြည်နယ်အဆင့်ရော၊ ပြည် ထောင်စုအဆင့်ရော၊ အစိုးရတွေ က ပြည်သူလူထုအကျိုးကိုရှေးရှုပြီးတော့ အလုပ်တွေကြိုးစားလုပ်ကြဖို့ ဒါမျိုးတွေ ကျွန်တော်တိုက်တွန်းခဲ့ပါတယ်’’ဟု ဦးဝင်းထိန်က နိုဝင်ဘာ ၁၄ရက်တွင်ပြောသည်။

ဦးဝင်းထိန်သည် နိုဝင်ဘာ ၁၃ရက်တွင် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်NLD လွှတ်တော်ကိုယ်စားလှယ်များ၊ NLDအဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၁၄ရက်တွင်တနင်္သာရီ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်အပါ အ၀င် တိုင်းဒေသကြီး NLDလွှတ် တော်ကိုယ်စားလှယ်များ၊ NLDပါ တီဝင်များအားသွားရောက်တွေ့ ဆုံခဲ့သည်။

အထူးသဖြင့် အစိုးရအဖွဲ့၊ လွှတ်တော်၊ ဒေသဆိုင်ရာ NLD အဖွဲ့ဝင်များအနေဖြင့် ပြည်သူလူ ထုနှင့် မကင်းကွာစေရန် အချင်း ချင်းညှိနှိုင်းဆောင်ရွက်ရေးတိုက် တွန်းခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘အန်ကယ်က အစိုးရမှာ လည်း တာဝန်မရှိဘူး။ လွှတ် တော်မှာလည်း တာဝန်မရှိဘူး။ ဒါပေမဲ့ ပါတီအနေနဲ့ တိုင်းရင်း သားပြည်နယ်အသီးသီးမှာရှိတဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော်တွေ ကိုယ့်အဖွဲ့ဝင်တွေဘယ်လိုအနေ အထားရှိတယ်ဆိုတာ လျှောက် ပြီးတော့ စနည်းနာတာ။ လိုအပ် တာရှိရင်တော့ ပြုပြင်ဖို့ပြောရ တာပေါ့’’ဟု ဦးဝင်းထိန်ကပြော သည်။

ကျန်နေသည့် တိုင်းနှင့်ပြည် နယ်များသို့ ထပ်မံသွားရောက် မည့် ခရီးစဉ်များရှိသော်လည်း မည်သည့်ဒေသသို့ ဦးစွာသွား ရောက်မည်ဆိုသည်ကို မဆုံးဖြတ် ရသေးဟု ၎င်းကပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်သော NLD ဗဟို ကော်မတီအစည်းအဝေးကို နိုဝင် ဘာ ၁၂ရက်က ရန်ကုန်မြို့ရှိ ပါ တီဗဟိုဌာနချုပ်တွင် ကျင်းပရာ အစိုးရ၀န်ကြီးများနှင့် အဆင့်ဆင့် သောအစိုးရအဖွဲ့ဝင်များအဂတိ တရားကင်းစင်ရန်အပါအ၀င်ရှေ့ လုပ်ငန်းစဉ်ငါးရပ်ကို အစည်းအ ဝေး၌ ချမှတ်ခဲ့သည်။

ထို့အပြင် သက်ဆိုင်ရာဒေ သများ၌ အလုပ်အကိုင်များဖန် တီး၍ ပြည်သူလူထု၏ စားဝတ်နေ ရေးအဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ အ လုပ်အကိုင်များဖော်ထုတ်ရန်၊နိုင်  ငံတော်က ချပေးသည့်ဘတ်ဂျက် များဖြင့်ရွာချင်းဆက်လမ်းများအ ပါအ၀င် လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးအကောင်အထည်ဖော် ပေးရန်၊ ကျေးလက်ဒေသမီးလင်း ရေးနှင့် ရေရရှိရေးကို ပိုမိုလုပ် ဆောင်ရန်တို့ကိုလည်း NLD ဗဟို ကော်မတီအစည်းအဝေးက ဆုံး ဖြတ်ခဲ့သည်။

Source – Eleven Media