မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်

မြန်မာပါတီစုံ ဒီမိုကရေစီအစီအစဉ် (MMDP)သည် နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DIPD) ၏ အစီအစဉ်တစ်ခု ဖြစ်သည်။ DIPD ကိုဒိန်းမတ်နိုင်ငံလွှတ်တော်မှ ၂၀၁၀ ခုနှစ်တွင် ဥပဒေပြဌာန်း အတည်ပြုပေးခဲ့ပြီး၊ ဒိန်းမတ်နိုင်ငံ၏ နိုင်ငံရေးပါတီများ အားလုံးကို ကိုယ်စားပြုထားသော လွတ်လပ်သည့်ဘုတ်အဖွဲ့၊ ပညာရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ အုပ်ချုပ်ကြသည်။ DIPD သည် ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ ပံ့ပိုးကူညီပေးနေသည့် လွတ်လပ်သောအများ  ပြည်သူဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ပါတီစုံပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးညှိနှိုင်းမှုကို မြှင့်တင်ရန်၊ နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့၏ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ကောင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးရန် အထူးတာဝန်ပေးအပ်ခြင်း ခံထားရသည်။  အဖွဲ့အစည်း၏ ပါဝင်ဆောင်ရွက်မှုသည် ဒီမိုကရေစီ အပြောင်းအလဲများနှင့် ကောင်းစွာသင့်လျော် ကိုက်ညီမှုရှိပြီး ထိုအပြောင်းအလဲများတွင်လည်း DIPD၏ တမူထူးခြားသော ချည်းကပ်နည်းမှာ ဆွေးနွေးညှိနှိုင်းမှုနှင့် စွမ်းဆောင်ရည် မြင့်မားရေးတို့အတွက် နိုင်ငံရေးပါတီများ အားလုံးကို စုစည်းပေးခြင်းဖြစ်သည်။ ထိုချဉ်းကပ်နည်းသည် ချောမွေ့ပြေပြစ်သော ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေရန်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့် အားကောင်းလာစေရန်တို့အတွက် အထူးအရေးပါသည်။

MMDP-team-2015