“မူဝါဒရေးရာကိုယ်စားပြုအရေးဆိုခြင်းကွန်ယက်ချိတ်ဆက်မှုဆိုင်ရာလူငယ်စကားဝိုင်း”

၂၀၁၅ ရွေးကောက်ပွဲတွင် လူငယ်များ၏ ပါဝင်မှုမြင့်တက်ခဲ့သော်လည်း ၄င်းတို့တွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့ရဆဲ ဖြစ်သည်။ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်မတ်

Introduction each other in Kachin' parties youth dialogue

Introduction each other in Kachin’ parties youth dialogue

 

အင်စတီကျု၏ မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ ရှမ်းပြည်နယ်၊ ဧရာတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်များတွင် ပါတီစုံ လူငယ်စကားဝိုင်းများကို စီစဉ်ကျင်းပပေးခဲ့သည်။
ပါတီိအသီးသီးမှ လူငယ် များ၏ ဆွေးနွေးချက်များအရ ပါတီများတွင် လူငယ်ကဏ္ဍနှင့် လူငယ်ရေးရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်း စားခြင်း မပြုကြကြောင်းနှင့် ပါတီဝင်ဖြစ်ခြင်းကြောင့် ပြင်ပလူမှုဆက်ဆံရေးတွင် ခွဲခြားဆက်ဆံမှုများ ကိုလည်း ကြုံတွေ့ရကြောင်းသိရပါသည်။ ထို့အပြင် မိသားစုများကလည်း ပါတီနိုင်ငံရေး လုပ်ခြင်းကို စိုးရိမ်ကြောင်းနှင့် အားမပေးကြောင်းဆွေးနွေးခဲ့ကြသည်။
“ ရွေးကောက်ပွဲမှာတော့ လူငယ်တွေအားကို အတော်သုံးခဲ့ကြပါတယ်။ ဒါပေမယ့် ပါတီတွင်းမှာတော့ လူငယ်တွေ အသိပညာဖွံ့ဖြိုးရေးနဲ့ လူငယ်တွေအတွက် အခွင့်အရေးပေးတာနည်းနေသေးတယ်။ လူငယ်တွေကို အတွေ့အကြုံနည်း နေသေးတယ်ဆိုပြီး နေရာသိပ်မပေးချင်ကြတာကိုတွေ့ရတယ်။” ဟု ဧရာဝတီတိုင်းပါတီလူငယ်များအဖွဲ့လိုက် ဆွေးနွေးမှု တင်ပြချက်၌ ဖော်ပြထားသည်။

Presentation the group discussion result in Kachin Youth Dialogue event

Presentation the group discussion result in Kachin Youth Dialogue event

“ အခုထိ အလုပ်လျှောက်ရင်ဖြစ်စေ၊ ကျောင်းလျှောက်ရင်ဖြစ်စေ နိုင်ငံရေးကင်းရှင်းရမည်ဆိုတာပါနေတော့ ပါတီဝင်လူငယ် တွေအတွက် အလုပ်အကိုင်အခွင့်အလှမ်းတွေမရသလို ပါတီအတွင်းမှာလည်း လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တွေ အတွက် စီစဉ်မှုတွေအားနည်းခြင်းက လူငယ်တွေကို နိုင်ငံရေးပါတီတွေမှာ ၀င်ရောက်လုပ်ကိုင်ချင်စိတ်ကို အဟန့်အတား ဖြစ်စေပါတယ်” ဟု ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း လူငယ် ပါတီစုံစကားဝိုင်းဆွေးနွေးပွဲမှ လူငယ်ပါတီများမှ ထောက်ပြ ဆွေးနွေးကြသည်။

Rising the question from Pha O Party' Youth at Shan Youth policy Dialogue event in Taunggyi.

Rising the question from Pa O Party’ Youth at Shan Youth policy Dialogue event in Taunggyi.

ဆွေးနွေးပွဲကျင်းပခဲ့သော ဒေသ ၄ခုရှိ လူငယ်များမှ ဆွေးနွေးမှုအများဆုံးသော ကိစ္စရပ်များတွင် ပညာရေးလက်လှမ်းမမှီမှု၊ အလုပ်အကိုင်ရှားပါးမှု၊ လူငယ်များအကြားမူးယစ်ဆေးဝါးသုံးစွဲမှုပိုများလာခြင်း၊ နယ်မြေမငြိမ်သက်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်ခွင့် ရရှိရေး၊ လူငယ်မူဝါဒများဖော်ဆောင်ပေးရေး နှင့် နိုင်ငံရေးပါတီများ၏ ဆုံးဖြတ်ချက်ပြုလုပ်သည့်အပိုင်းနှင့် ဦးဆောင်မှုတွင် လူငယ်များပါဝင်ခွင့်ရရှိရေး စသည်တို့ ပါဝင်ကြသည်။ ၄င်းပြဿနာ
များကို ပါတီ အသီးသီးမှ လူငယ်များနှင့် လူငယ့်အရေးအဓိကလုပ်ဆောင်နေသော အရပ်ဖက်လူ့အဖွဲ့စည်းများ ချိတ်ဆက်ကာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်း များကို ဆွေးနွေးရှာဖွေခဲ့ကြသည်။

Daw Cheery Zauha's experience sharing section

Daw Cheery Zauha’s experience sharing section

နိုင်ငံရေးပါတီလူငယ်များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းကြားကွန်ယက်ချိတ်ဆက်မှုဖြစ်အောင် ဒီလိုလူငယ်စကားဝိုင်းတွေ လုပ်ပေးတာ အတော်ကောင်းတယ်။ မတူတဲ့ပါတီတွေက လူငယ်တွေအကြား တူညီတဲ့ အခက်အခဲတွေရှိတာကို သိခွင့် ရခဲ့သလို၊ မိမိတို့ပါတီမှာ ဘယ်လို နည်းလမ်းတွေကိုအသုံးပြုပြီး ပါတီတွင်း လူငယ်အခန်း ကဏ္ဍကို မြှင့်တင်နိုင်မလဲ ဆိုတာလည်းကိုဆွေးနွေးနိုင်ခဲ့တယ် ဟု မန္တလေးတိုင်းရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လူငယ်ပါတီဝင်တစ်ဦးမှ လူငယ်စကားဝိုင်းများအပေါ် ၄င်း၏ အမြင်ကို ပြောကြားခဲ့သည်။IMG_9974