ပါတီတွင်း လစ်လပ်နေရာများ ဖြည့်ဆည်းပေးမည့် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကျင်းပ

ပါတီတွင်း လစ်လပ်နေ ရာများ ဖြည့်ဆည်းနိုင်ရန် အာဏာ ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၃ ရက်တွင် နေပြည်တော် ၌ ပြုလုပ်ခဲ့သည်။
နေပြည်တော်တွင် ပြုလုပ် သော အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ် သွားသည့်အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခြင်းမရှိသော်လည်း ဗဟို အလုပ်အမှုဆောင်အများစု တက်ရောက်ခဲ့သည်။

‘‘ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ အစည်းအဝေးကတော့ လစ် လပ်နေရာတွေကို ဖြည့်ဆည်းရေး ပေါ့။ တိုင်းနဲ့ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေမှာ လစ်လပ်နေတဲ့ အလုပ်အမှုဆောင်တွေကို ပြန် ဖြည့်ဖို့အတွက်ရယ်၊ ပါတီစည်း ကမ်းကိစ္စတွေကို ဆွေးနွေးကြ တယ်’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

လစ်လပ်နေရာများ ဖြည့် ဆည်းရေး ဆောင်ရွက်ရာတွင် ဗဟိုက လစ်လပ်နေရာအတွက် လူပုဂ္ဂိုလ်အား ရွေးချယ်ပေးခြင်း မဟုတ်ဘဲ အောက်ခြေမှ မဲစနစ် ဖြင့် ရွေးချယ်ခန့်အပ်ခြင်းကို ဗဟို အလုပ်အမှုဆောင်အဖွဲ့က အတည်ပြုပေးခြင်းဖြစ်သည်ဟု ဦးဝင်းထိန်က ဆိုသည်။

ဇူလိုင် ၃ ရက်က ပြုလုပ် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အ စည်းအဝေးသို့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူအချို့ တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အဆင့်ဆင့်သော အလုပ် အမှုဆောင်အဖွဲ့များမှ အဖွဲ့ဝင် အချို့သည် အကြောင်းအမျိုးမျိုး ကြောင့် အဖွဲ့ချုပ်တာဝန်များမှ လစ်လပ်နေကြောင်း၊ ထို့အပြင် လွှတ်တော်ဆိုင်ရာတာဝန်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များ ထမ်းဆောင်နေရသော အဖွဲ့ ဝင်များရှိသကဲ့သို့ ပါတီနှင့် ကင်း ကွာနေသူများ၊ ပါတီမှ ထုတ်ပယ် ထားသူများ၊ စည်းကမ်းအရ အ ရေးယူခံရသူများ၊ နုတ်ထွက်သွား ကြသူများရှိနေသဖြင့် အဖွဲ့ချုပ် လုပ်ငန်းများ ဆောင်ရွက်ရန် အ ခက်အခဲရှိနေသူများကြောင့် ပါတီတာဝန်များ လစ်လပ်ပျက်ကွက် နေကြောင်း သိရသည်ဟု ယင်း ပါတီက ဇွန်လ ၇ ရက်တွင် ပါတီ တွင်း ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ထားသည်။

အဆိုပါညွှန်ကြားချက်တွင် လစ်လပ်နေသော အလုပ်အမှု ဆောင်အဖွဲ့ အဆင့်ဆင့်ရွေးချယ် မှုများကို ဇွန်လ ၁၅ ရက်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အ လုပ်အမှုဆောင်အဖွဲ့ဝင် ရွေး ချယ်ခြင်းများ စတင်ပြုလုပ်၍ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအလုပ် အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ခြင်း များကို ဩဂုတ် ၁၄ ရက် နောက် ဆုံးထား၍ ဆောင်ရွက်ကြရန် ပါရှိသည်။

လစ်လပ်နေရာများ ဖြည့် ဆည်းရာတွင် အဖွဲ့ချုပ်မှ ထုတ် ပယ်ခံထားရသူများ၊ အဖွဲ့ချုပ် စည်းကမ်းအရ အရေးယူခံထားရ သူများ၊ နုတ်ထွက်သွားသူများ၊ ပြီးခဲ့သော ရွေးကောက်ပွဲများတွင် အခြားပါတီကိုယ်စားပြုယှဉ်ပြိုင် ခဲ့သူများနှင့် တစ်သီးပုဂ္ဂလများ အား ရွေးချယ်တင်မြှောက်ရာတွင် ထည့်သွင်းစဉ်းစားခြင်းမပြုရန် ပါတီဗဟိုက ညွှန်ကြားထားသည်။ ထို့အပြင် အသင်းအဖွဲ့မှတ်ပုံတင် ဥပဒေအရ ဖွဲ့စည်းထားသောအသင်းအဖွဲ့များတွင် အလုပ်အမှု ဆောင်အဖြစ် ပါဝင်နေသူများကို ပါ ထည့်သွင်းစဉ်းစားခြင်းမပြုရန် ပါတီဗဟိုက ညွှန်ကြားထားသည်။

Source- 7 Day Daily