ရှမ်းပြည်နယ် ဒီချုပ်ပါတီမှ ထုတ်ပယ်ခံရသူများ ရှစ်လေးလုံး(ရှမ်းပြည်)အမည်ဖြင့် ရပ်တည်မည်ဟုဆို

ရှမ်းပြည်နယ်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဖယ်ရှားခံရသူများနှင့် ဝန်းရံသူ များပူးပေါင်း၍ ရှစ်လေးလုံး(ရှမ်း ပြည်)အမည်ဖြင့် ရပ်တည်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရှစ်လေးလုံး(ရှမ်းပြည်)အဖွဲ့ ကို နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ရပ်တည်လုပ်ကိုင်မည်မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းတစ်ရပ် အနေဖြင့်သာ ရပ်တည်မည်ဟု တောင်ကြီးခရိုင်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဦးတင်မောင်တိုးက ပြောသည်။ ဦးတင်မောင်တိုးသည် တောင်ကြီး ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌအဖြစ်မှ ဦးဝင်းထိန်၏

နှုတ်မိန့်ဖြင့် ထုတ်ပယ်ခံရသူဖြစ် သည်။

‘‘ကျွန်တော်တို့ အမျိုးသား ဒီ မိုကရေစီအဖွဲ့ချုပ်ပါတီမှာ ရှိနေ စဉ်ကတည်းက လယ်သမားအ ရေးတွေ၊ ပြည်သူအရေးတွေကို လုပ်ဆောင် ကူညီပေးခဲ့တာပါ။ အခုလည်း ကျန်နေသေးတဲ့ တောင်သူလယ်သမားတွေရဲ့မြေ ယာကိစ္စတွေ၊ လူ့အခွင့်အရေးချိုး ဖောက်ခံရတဲ့ကိစ္စတွေကို ဆက် လက်လုပ်ဆောင်နိုင်ဖို့ တရားဝင် အဖွဲ့အစည်းတစ်ခုအနေနဲ့ ရပ် တည်နိုင်ဖို့ ဖွဲ့စည်းရခြင်း ဖြစ် တယ်’’ဟု ဦးတင်မောင်တိုးက ပြောသည်။

ရှစ်လေးလုံး(ရှမ်းပြည်)အဖွဲ့ တွင် ရှမ်းပြည်နယ်အတွင်းရှိ ၈၈ မျိုးဆက်အင်အားစုများ၊ ရှမ်းပြည် နိုင်ငံရေး အကျဉ်းသားဟောင်း များ၊ နိုင်ငံရေးပါတီဝင် မဟုတ် သည့် လူငယ်များနှင့် NLD ပါတီ ထွက်သူများ၊ ထုတ်ပယ်ခံရသူများပါဝင်မည်ဖြစ်သည်။

ရှစ်လေးလုံး(ရှမ်းပြည်)အဖွဲ့ ကို တရားဝင်အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန် ရှမ်းပြည်နယ် အစိုးရထံ ဇန်နဝါရီနောက်ဆုံးပတ်တွင် စာတင်မည်ဟု ၎င်းအဖွဲ့မှ သိရသည်။

ရှစ်လေးလုံး(ရှမ်းပြည်)အဖွဲ့ အနေဖြင့် ကြားဖြတ်ရွေးကောက် ပွဲကာလတွင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဝန်းရံကူညီဆောင်ရွက်မည် ဖြစ်ကြောင်း ဦးတင်မောင်တိုးက ဆိုသည်။

ရှစ်လေးလုံး(ရှမ်းပြည်)အဖွဲ့ တံဆိပ်အနေဖြင့် အဖြူရောင် အောက်ခံပေါ်တွင် ရှစ်ဂဏန်း လေးလုံးကို အနီရောင်စာလုံးဖြင့် ဖော်ပြမည်ဟု ၎င်းအဖွဲ့မှ သိရ သည်။

Source – 7 Day Daily