ကြားဖြတ်ရွေးကောက်ပွဲကို စေတနာ့ဝန်ထမ်း ၇၀၀ ကျော်ဖြင့် စောင့်ကြည့်လေ့လာမည်

လာမည့်နှစ်တွင် ကျင်း ပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး အပါအ၀င် ရွေးကောက်ပွဲစောင့် ကြည့်လေ့လာခြင်းလုပ်ငန်းစဉ် များကို စေတနာ့ဝန်ထမ်း ၇၀၀ ကျော်ဖြင့် ဆောင်ရွက်မည်ဖြစ် ကြောင်း ယုံကြည်ရသော ရွေး ကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအ ဖွဲ့ (PACE) မှ သတင်းရရှိသည်။

မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရရှိရေးအပါအ၀င် ကိုယ်စား လှယ်လောင်းအမည်စာရင်းတင် သွင်းခြင်း၊ မဲဆွယ်စည်းရုံးရေးကာ လ၊ မဲဆန္ဒရှင်စာရင်းကြေညာပြသ မှုဖြစ်စဉ်၊ မဲဆန္ဒနယ်အတွင်း ကြို တင်မဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်နှင့် မဲရလဒ်များ စု ပေါင်းရေတွက်မှုဖြစ်စဉ်များကို လွှတ်တော်ကိုယ်စားလှယ် လစ် လပ်နေသော မဲဆန္ဒနယ် ၁၉ ခုတွင်စောင့်ကြည့်လေ့လာမည် ဖြစ်ကြောင်း PACE အဖွဲ့မှ အမှု ဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော် စွာမြင့်က ပြောသည်။

‘‘ကြားဖြတ်ရွေးကောက်ပွဲ က မဲဆန္ဒနယ်အရေအတွက်နည်း ပါးပေမယ့် ဒီမိုကရေစီအသွင်ကူး ပြောင်းဖို့အတွက် အထူးသဖြင့် အစိုးရသစ်အတွက်ရော၊ ကော်မ ရှင်အဖွဲ့အသစ်အတွက်ရော အ ရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ် မယ်လို့ ယုံကြည်တယ်’’ဟု ၎င်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအ ကြိုကာလ စောင့်ကြည့်လေ့လာ ရေးကို မြို့နယ်ပေါင်း ၂၂ မြို့နယ် တွင် ကာလရှည်စောင့်ကြည့်လေ့ လာသူ ၃၀ ဦး၊ မဲဆန္ဒရှင်စာရင်း အမှန်ရရှိရေးဆန်းစစ်လေ့လာ ခြင်းကို လေ့လာသူ ၈၀ ဦးနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ကာလတိုစောင့်ကြည့်လေ့လာသူ ၆၀၀ ကျော်ဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း ကိုစိုင်းရဲကျော်စွာမြင့်က ဆိုသည်။

အဆိုပါစောင့်ကြည့်လေ့ လာခြင်းလုပ်ငန်းစဉ်များကို ၂၀၁၅ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ သည့် ဘက်လိုက်မှုကင်းသော ဆန်းစစ်လေ့လာမှုများ ပြုလုပ်နိုင်မည့် နည်းပညာဖြင့် စောင့်ကြည့်လေ့လာခြင်း (Systematic Observation) စနစ်ကို အသုံးပြု မည်ဖြစ်ကြောင်း PACE အဖွဲ့မှ ပရိုဂရမ်မန်နေဂျာ ကိုဟန်စိုးထွန်းက ပြောသည်။

PACE အဖွဲ့ကို ၂၀၁၃ တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ ကာလရှည်၊ ကာလတိုစောင့်ကြည့်လေ့လာသူ ၂,၀၀၀ ကျော်ဖြင့် ရွေးကောက်ပွဲဖြစ်စဉ်ကို စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာ ယာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံ မြို့သစ် (အရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူး၊ ထန်တလန်၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ် ကမ်း၊ လသာ၊ လှိုင်၊ လမ်းမ တော်၊ အလုံ၊ ဖရူဆို၊ ကျိုင်းတုံ၊ ညောင်ရွှေစသည့် မြို့နယ်များ တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်၌ ထုတ်ပြန်ထားသည်။

Source – 7 Day Daily