ဒီချုပ်အစိုးရသည် ဒီမိုကရေစီအာဏာရှင်ပုံစံကို ဦးတည်နေဟုပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေး ဝေဖန်

အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင် အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင် ရေး စသည့်မဏ္ဍိုင်သုံးခု၏ အ ပြန်အလှန် ထိန်းကျောင်းမှု ယိမ်း ယိုင်နေ၍ ဒီမိုကရေစီအာဏာရှင် ပုံစံကို ဦးတည်နေကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန် သည်။
ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံ တော်လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ သံလွင်လမ်းရှိ ပါတီ ဌာနချုပ်(ရုံးခွဲ) တွင် ဇန်န၀ါရီ ၂၃ ရက်၌ ပြုလုပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌက ယင်းဆွေးနွေးပွဲ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

‘‘အခြေခံဥပဒေ၏  အနှစ် သာရဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အဖွဲ့များ အပြန်အလှန် ထိန်း ကျောင်းမှု ယိမ်းယိုင်လာခြင်း၊ ဒီ လိုယိမ်းယိုင်လာတဲ့အတွက် ဒီမို ကရေစီအာဏာရှင်ပုံစံကို ဦး တည်လာပြီး The Rule of Law  ဆိုတဲ့ တရားဥပဒေစိုးမိုးရေး အား နည်းလာခြင်း…’’ဟု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌကဆိုသည်။

ထို့အပြင် ဦးသန်းဌေးက အ စိုးရသစ်၏ ၁၀ လတာသက်တမ်း အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေအပါအ၀င် အငြင်းပွားဖွယ် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ နိုင်ငံ တော်ကာကွယ်ရေးနှင့် လုံခြုံ ရေး ကောင်စီ (ကာလုံ) သက်ဝင်လှုပ် ရှားမှုမရှိခြင်း၊ အဖွဲ့အစည်းသစ် များဖန်တီးအစားထိုးခြင်း၊ လူ့အ ခွင့်အရေးကို ရှေ့တန်းတင်ပြီးနိုင် ငံသားများ အခွင့်အရေး (သို့မ ဟုတ်) နိုင်ငံတော်အခွင့်အရေး အကြီးအကျယ် နစ်နာဆုံးရှုံးစေ သည့် ဆောင်ရွက်ချက်များပေါ် ပေါက်လာခြင်း စသည့်အချက် များ ထည့်သွင်းပြောကြား ဝေဖန် ခဲ့သည်။

‘‘ကျွန်တော်တို့ရဲ့ ပါတီ အ ပါအ၀င် အမျိုးသားရေးအင်အားစု များက စိုးရိမ်တကြီးထောက်ပြ ထားတဲ့ ဘင်္ဂါလီများအရေး၊ အ စိုးရရဲ့ ကိုင်တွယ်မှုဟာလည်း ကျွန်တော်တို့ စိုးရိမ်ခဲ့တဲ့အတိုင်း နိုင်ငံတကာ ပြဿနာအဖြစ် ပုံ ဖော်ခြင်းခံနေရပြီဖြစ်ပါတယ်။ ရခိုင်ဒေသမှာ Human Rights ကို တွင်တွင်ပြောပြီး National Rights ကျဆုံးခန်းကိုတွေ့ရတော့ မှာဖြစ်ပါတယ်။ Human Rights ဆိုတာ ဒီမိုကရေစီသမားတွေ တွင်တွင်ပြောလေ့ရှိတဲ့ စကားလုံး တစ်ခုဖြစ်ပါတယ်။ ဒီကနေ့ ဒီမို ကရေစီစကားလုံး တွင်ကျယ်လာ တဲ့အခါမှာ ထင်ပေါ်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းအသီးသီးဟာ ဒီမို  ကရေစီကို ရှေ့ကနာမည်တပ်ပြီး ပြည်သူကို ဆွဲဆောင်နေကြတာ တွေ့ရပါတယ်။ တကယ်အရေး ကြီးတာက National Interests, National Idendity လို့ခေါ်တဲ့ အမျိုးသားအကျိုးစီးပွား၊ အမျိုး သားစရိုက်လက္ခဏာ မပျောက် ပျက်ဖို့က အရေးကြီးဆုံး ဖြစ် ကြောင်း သတိပြုစေချင်ပါတယ်’’ ဟု ဦးသန်းဌေးကဆိုသည်။

ယင်းကဲ့သို့ ပြောဆိုမှုများအ ပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဦးသန်း ဌေးအနေဖြင့် နိုင်ငံရေးကိုနားလည် သူမဟုတ်ဘဲပါးစပ်ပါ၍ ပြော သည်ဟု မှတ်ယူကြောင်း တုံ့ပြန် ပြောကြားသည်။

‘‘သူပါးစပ်ပါလို့ ပြောတာ ပြောပါစေ။ အဲဒီ ဦးသန်းဌေးဆို တာ နိုင်ငံရေး ဘာမှနားမလည် ဘူး။ ပြောပါစေ။ တခြားဘာမှ ပြန်မပြောဘူး။ ပါးစပ်ပါလို့ ပြော တယ်ဆိုတာ လုံလောက်သွားပြီ လေ’’ဟု ဦးဝင်းထိန်က 7Day Daily သတင်းစာအား ဖြေကြား သည်။

ဘင်္ဂါလီအရေးနှင့်ပတ်သက် ပြီး လက်ရှိအစိုးရ၏ ကိုင်တွယ်မှု အပေါ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြားမှုနှင့်ပတ်သက်၍ သမ္မ တရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကို မေးမြန်းရာ လက်ရှိတွင် ၎င်းအနေဖြင့် ဖြေ ကြားနိုင်ခြင်းမရှိသေးဘဲ ပြည်ခိုင် ဖြိုးပါတီ လုပ်ဆောင်နေမှုများအ ပေါ် အသေးစိတ်လေ့လာနေ ကြောင်း 7Day Daily သတင်းစာ ၏ ဆက်သွယ်မေးမြန်းမှုအား ဖြေ ကြားသည်။

ပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ် သော အထက်ပါဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပပြီး ဦးကိုကိုလှိုင်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးခင်ရီ၊ ဦးစစ်အေး၊ ဦးမြင့်စိုးတို့က ဦး ဆောင်ဟောပြောခဲ့သည်။ ဦး ကိုကိုလှိုင်က ဒေသတွင်း ရိုက် ခတ်လာနိုင်သော ကမ္ဘာ့အကြမ်း ဖက် လုပ်ရပ်များခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာ မင်း ဇော်ဦးက အမျိုးသားလုံခြုံရေးနှင့် ဒီမိုကရေစီအကူးအပြောင်းခေါင်း စဉ်ဖြင့်လည်းကောင်း ၊ ဦးခင်ရီက တရားဥပဒေစိုးမိုးရေးကို လုံခြုံ ရေးရှုထောင့်မှ ချဉ်းကပ်လေ့လာ ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစစ်အေးက နိုင်ငံတော်လုံခြုံ ရေးနှင့် ဥပဒေအမြင် ခေါင်းစဉ် ဖြင့်လည်းကောင်း ဟောပြောပြီး မူလအစီအစဉ်တွင် မပါဝင်သည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးမြင့်စိုးက ဖြည့်စွက် ဟောပြောခြင်းဆိုကာ ငြိမ်းချမ်း ရေးနှင့် တရားဥပဒေစိုးမိုးမှု အား နည်းလာခြင်းအပေါ် ဝေဖန်ပြော ကြားသည်။

စစ်အစိုးရလက်ထက်တွင် ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့သော ပြည် ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးခင်ရီကလည်း မှုခင်း ကိန်းဂဏန်းအချက်အလက်များ သိသာစွာ တိုးပွားလာ၍ အစိုးရ သစ်၏ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်မှုကို မေးခွန်းထုတ်ခဲ့ကာ ရခိုင်အရေးကိစ္စများနှင့်ပတ် သက်၍ ကာလုံအစည်းအဝေးခေါ် ယူကာ နိုင်ငံတော်လုံခြုံရေးကို လုပ်ဆောင်သင့်ကြောင်း ဟော ပြောသည်။

ယခင်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင် က နိုင်ငံတကာတွင် ဖြစ်ပွားခဲ့ သော အကြမ်းဖက်ဖြစ်စဉ်များ နှင့် ဆက်စပ်ဟောပြောခဲ့ပြီး ပြည် တွင်း၌ အကြမ်းဖက်အန္တရာယ် မ ၀င်ရောက်ရန် အားလုံးစည်းလုံး စွာလုပ်ဆောင်ရမည်ဟု ပြော ကြားသည်။

ငြိမ်းချမ်းရေးကော်မရှင် အ ကြံပေးအဖွဲ့ဝင် ဒေါက်တာ မင်း ဇော်ဦးက လက်ရှိအခြေအနေတွင် အမျိုးသားလုံခြုံရေးမူဝါဒ လိုအပ် နေပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့်တိုင်းပြည်၏အရေးကြီးသော အဖွဲ့အစည်းများအကြား ဘုံသဘောတူလက်ခံသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာတစ်ခု လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် နှစ်ဦး တက်ရောက်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ မိတ်ဖက်ပါတီများ၊ အဖွဲ့အစည်းများသို့ စုစုပေါင်း လူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့သည်။

Source – 7 Day Daily