ပါတီကိစ္စများ လျင်မြန်စွာ ဆုံးဖြတ်နိုင်ရန် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်ဦးရေ လျှော့ချမည်

ရခိုင်အမျိုးသားပါတီ သည် ပါတီရေးရာ ကိစ္စရပ်များ ဆုံးဖြတ်ရာတွင် လျင်မြန်သွက် လက်စေရန် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့နှင့် ဗဟိုကော်မတီအ ဖွဲ့ဝင်အရေအတွက် လျှော့ချဖွဲ့ စည်းရေး စီစဉ်နေကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ထံမှ သိရသည်။
ရခိုင်အမျိုးသားပါတီသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃၉ ဦးနှင့် ဗဟိုကော်မတီဝင် ၁၁၁ ဦးတို့ရှိနေသဖြင့် အရေအတွက် များပြားနေပြီး ပါတီရေးရာ ကိစ္စရပ်များကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှု အားနည်းနေ သည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့နှင့် ဗဟိုကော်မတီအဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ အရေအတွက် လျှော့ချဖွဲ့စည်းနိုင်ရေးကို လာ မည့် ဇူလိုင် ၁ ရက်နှင့် ၂ ရက်တို့ တွင် ကျင်းပမည့် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ထည့်သွင်း ဆွေးနွေးမည်ဖြစ်သည်။

‘‘ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ရဲ့ သဘောထားကို မေးကြည့် မယ်။ ပြီးရင်တော့ ပါတီညီလာခံ မှာ အဖွဲ့ဝင်ဦးရေ အရေအတွက်  ကို လျှော့ချဖို့ တင်ပြရမယ်။ ညီ လာခံရဲ့သဘောတူညီချက်နဲ့မှ လုပ်လို့ရမှာပါ’’ဟု ဦးထွန်းအောင် ကျော်က ပြောသည်။

ပါတီဗဟိုအလုပ် အမှု ဆောင်အဖွဲ့ဝင်ဦးရေ များပြားနေ သဖြင့် အစည်းအဝေးကျင်းပရာ တွင် လူစုံမတက်ရောက်နိုင်သည့် အခြေအနေများကို မကြာခဏ ကြုံတွေ့လာခြင်းနှင့် များပြားနေ သော အဖွဲ့ဝင်ဦးရေ လျှော့ချ၍  ပါတီလုပ်ငန်းများကို ကျစ်ကျစ် လျစ်လျစ် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရေးအတွက် ဗဟို အလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟို ကော်မတီအဖွဲ့ဝင်ဦးရေ အရေအ တွက်ကို လျှော့ချဖွဲ့စည်းရန်စီစဉ် ခြင်းဖြစ်သည်ဟု ဦးထွန်းအောင် ကျော်က ပြောသည်။

ရခိုင်အမျိုးသားပါတီသည် လာမည့် ၂၀၁၇ အတွင်း ပါတီ ညီလာခံတစ်ရပ်ကျင်းပရန် စီစဉ် ထားပြီး ဇူလိုင် ၁ ရက်နှင့် ၂ ရက် တို့တွင် ကျင်းပမည့် အစည်းအဝေး ၌ ပါတီညီလာခံကျင်းပမည့် အချိန်ကာလအတိအကျ သတ်မှတ်နိုင် ရေး ဆွေးနွေးကြမည်ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် ရခိုင်အမျိုးသား ပါတီသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည် နယ်လွှတ်တော်တို့၌ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၀ ကျော် ရရှိထားသည်။

Source-7 Days Daily