မိုင်ဂျာယန်တွင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် UNA ကိုဖိတ်ကြား

ဇူလိုင်နောက်ဆုံးပတ် တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်၌ ပြုလုပ်မည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးသို့ တက် ရောက်ရန် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) ကို ဖိတ်ကြားထား ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ကို လှမ်းဖိတ် ထားတယ်။ UNA ကခေါင်းဆောင် ငါးယောက်တက်ပေးဖို့ပေါ့’’ဟု  ညီညွတ်သောတိုင်းရင်းသားလူ မျိုးများမဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တွဲ ဖက်အတွင်းရေးမှူး(၂) စိုင်းကျော် ညွန့်ကပြောသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ထိပ်သီးအစည်းအ ဝေးသို့ UNA အဖွဲ့ကို ကိုယ်စားပြု တက်ရောက်ရန် ဖိတ်ကြားလာ မှုသည် ပထမဆုံးအကြိမ်ဖြစ် ကြောင်း စိုင်းကျော်ညွန့်ထံမှ သိရ သည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားလာမှု အပေါ် UNA အဖွဲ့ဝင် ပါတီများ အစည်းအဝေးထိုင်ကာ ဆွေးနွေး မည်ဖြစ်သည်။

မိုင်ဂျာယန်တွင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ထိပ်သီးအစည်းအဝေးကို ဇူ လိုင်၂၆ ရက်မှစကာ လေးရက် ကြာပြုလုပ်မည်ဖြစ်သည်။

လာမည့် သြဂုတ်အတွင်း ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာ ခံအတွက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဘက်က ဘုံ သဘောထားတစ်ခု ချမှတ်ရန် ကြိုတင်ပြင်ဆင်ခြင်းအဖြစ် ထိပ် သီးအစည်းအဝေးပြုလုပ်ခြင်းဖြစ် ကြောင်း ကရင်အမျိုးသားအ စည်းအရုံးအတွင်းရေးမှူး ဖဒိုစော ကွယ်ထူးဝင်းက သတင်းမီဒီယာ  များအား ပြောကြားသည်။

UNAသည် လက်ရှိ အာဏာ ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ မဟာမိတ်ဖြစ်ပြီး ဖွဲ့စည်းပုံ အ ခြေခံဥပဒေပြင်ဆင်ရေးအပါအ ၀င် နိုင်ငံရေးကိစ္စရပ်များတွင် ပူး ပေါင်းဆောင်ရွက်မှုများ ရှိခဲ့ သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရထားသော တိုင်းရင်းသား ပါတီများဖြင့် UNA ကို ဖွဲ့စည်းခဲ့ ပြီး စတင်ဖွဲ့စည်းစဉ်ကအဖွဲ့ဝင် ပါတီ ၁၂ ပါတီရှိသည်။

Source- 7Day Daily