မန္တလေး စည်ပင်ရွေးကောက်ပွဲ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်

မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီဝင်များ ရွေးကောက်ပွဲကို စက်တင်ဘာ ၂၅ ရက် နံနက်၇နာရီမှ ညနေ ၄နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တော်စည်ပင် သာယာနယ်နိမိတ်မြို့နယ် ခြောက်မြို့ နယ်တွင် စည်ပင်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/ ၆)ဖြင့်တရားဝင်နေထိုင်သည့် အိမ် ထောင်စုများမှ တစ်အိမ်ထောင်စု လျှင် ဆန္ဒမဲတစ်မဲနှုန်းပေး ခွင့်ရမည်ဟု မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီဝင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ သည်။

စည်ပင်သာယာကော်မတီ ၀င်လောင်းများအတွက် ရွေး ကောက်ပွဲမဲဆွယ်ကာလကို စက် တင်ဘာ ၉ ရက်မှ ၂၃ ရက်အတွင်း ခွင့်ပြုပေးရန် အကြမ်းဖျင်းသတ် မှတ်ထားပြီး မဲဆွယ်ကာလ နေ့ ရက်အတိအကျကို ကော်မရှင်အ စည်းအဝေးဆုံးဖြတ်ပြီးချိန်မှသာ ထပ်မံထုတ်ပြန်မည်ဟု စည်ပင် ရွေးကောက်ပွဲကော်မရှင်အတွင်း ရေးမှူးဦးဇော်တင်မိုးက ပြောကြား သည်။

‘‘မနက်ဖြန် အစည်းအဝေး လုပ်မယ်။ အဲဒါပြီးမှ နေ့ရက်အတိ အကျထပ်ကြေညာပေးမှာပေါ့။ မဲ ဆွယ်အသုံးစရိတ်နဲ့ ပတ်သက်လို့ လည်း ကန့်သတ်ဖို့ရှိတယ်လို့ မကြားသေးဘူး’’ဟု ၎င်းကပြော ကြားသည်။

စည်ပင်သာယာရွေးကောက် ပွဲပြုလုပ်မည့် နေ့ရက်ကိုထုတ် ပြန်ကြေညာပြီးဖြစ်သော်လည်း ရွေးကောက်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍ ကော်မရှင်က ကိုယ်စားလှယ်လောင်းများအား ခေါ်ယူအသိပေးပြောကြားခြင်း၊ ကော်မတီဝင်လောင်း တရားဝင်အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခြင်းမရှိသေးကြောင်း စည်ပင်ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမရပူရမြို့နယ်မှ ကိုယ်စားလှယ်လောင်း ဦးရဲမွန်က ပြောကြားသည်။

‘‘မဲဆွယ်ကာလတွေ၊ မဲဆွယ် အသုံးစရိတ်တွေ တခြားစည်းကမ်း ချက်တွေနဲ့ပတ်သက်ပြီး အခုထိ တော့ ဘာမှမပြောသေးဘူး။ ကော်မတီဝင်လောင်း အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးရင်းနဲ့ စည်းကမ်းချက်တွေ ခေါ်ပြောဦး မယ်ထင်တယ်’’ဟု ဦးရဲမွန်ကပြော ကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ အတွင်းက ပထမဆုံးအကြိမ်  ကျင်းပသည့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဝင်   ရွေးကောက် ပွဲ၌ ရွေးကောက်ပွဲကာလ အသုံးစရိတ်ကို ကန့်သတ်ခဲ့ခြင်းမရှိခဲ့ ပေ။

ထို့အတွက် မြို့နယ်အချို့ တွင် မဲဆွယ်အသုံးစရိတ်ငွေကြေး အများအပြား သုံးစွဲနိုင်သည့် ကိုယ် စားလှယ်လောင်းက အနိုင်ရသည် ဟု ထင်မြင်နိုင်စရာအချို့ရှိခဲ့သည် ဟု ပထမအကြိမ် စည်ပင်ရွေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သူများက ဝေဖန်ပြောကြားသည်။ စည်ပင်ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများကဲ့သို့ပင် စည်ပင်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်အသုံးစရိတ်ကို ကန့်သတ် သင့်သည်ဟု ၎င်းတို့က ပြောကြား သည်။

မန္တလေးမြို့တော် စည်ပင် သာယာရေးဥပဒေတွင် စည်ပင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် မည့် ကော်မတီဝင်လောင်း ကိုယ် စားလှယ်များအား မဲဆွယ်ကာလ အသုံးစရိတ် မည်မျှသုံးစွဲရမည်ဟူ သော သတ်မှတ်ပြဋ္ဌာန်းချက်ပါရှိ ခြင်း မရှိပေ။ သို့သော် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လို အပ်သလို လိုက်နာကျင့်သုံးနိုင် ကြောင်း ဖော်ပြထားသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စည်ပင် ရွေးကောက်ပွဲကော်မရှင်က အ တည်ပြုထားသည့် ကိုယ်စားလှယ် လောင်း ၃၄ ဦးရှိသည်။ အောင်မြေ သာစံမြို့နယ်တွင် ငါးဦး၊ ချမ်းအေး သာစံမြို့နယ်တွင် ခြောက်ဦး၊ မဟာအောင်မြေမြို့နယ်တွင် ၁၁ ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် ခြောက်ဦး၊ ပြည်ကြီးတံခွန်မြို့နယ် တွင် သုံးဦးနှင့် အမရပူရမြို့နယ် တွင် သုံးဦးဖြစ်သည်။ ကိုယ်စား လှယ်များထဲမှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် စည်ပင်သာယာကော်မတီဝင် ခြောက်ဦးကို အများပြည်သူက မဲပေးရွေးချယ်ရမည်ဖြစ်သည်။

Source – 7Day Daily