၂၀၁၇ နှစ်ဦးပိုင်းတွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိ

လာမည့် ၂၀၁၇ နှစ်ဦးပိုင်းတွင် ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပမည် ဖြစ် ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြောသည်။
‘‘မျှော်မှန်းတာကတော့ ၂၀၁၇ နှစ်ဦးပိုင်းလောက်မှာ ဖြစ် ပါလိမ့်မယ်။ ကြေညာတဲ့အခါကျ ရင်တော့ ရက်အတိအကျသိမယ်’’ ဟု သြဂုတ် ၂၂ ရက်က ပြုလုပ် သော အမျိုးသားလွှတ်တော်အ စည်းအဝေးအပြီး သတင်းမီဒီယာ များအား ဦးအောင်မြင့်က ပြော သည်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဆိုပါက လက် ရှိ ပြည်ထောင်စုအစိုးရအဖွဲ့အ တွင်းသို့ ဝန်ကြီးများအဖြစ် ဝင် ရောက်တာဝန်ထမ်းဆောင်သွား သူများ၏ နေရာများကိုပါ ထည့် သွင်းကျင်းပရန် ရှိသော်လည်း လစ်လပ်နေရာအရေအတွက်စုစု ပေါင်းကိုမူ ဦးအောင်မြင့်က ပြော ကြားခဲ့ခြင်းမရှိပေ။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် သက်ဆိုင်ရာ လွှတ် တော်အသီးသီးက ၎င်းတို့လွှတ် တော်အတွင်း လစ်လပ်နေရာများ ကို သတ်မှတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အသိပေးအကြောင်းကြားသည့်အခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပပြုလုပ်ပေး ရခြင်းဖြစ်သည်ဟု ဦးအောင်မြင့် ထံမှ သိရသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့တွင် တာဝန်ထမ်း ဆောင်သူများရှိသဖြင့် ယင်းလွှတ် တော်နှစ်ရပ်ပေါင်းဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ်ကိုးဦး လစ် လပ်နေသည်ကို တွေ့ရှိရသည်။

အဆိုပါ ပြည်ထောင်စုအ ဆင့်ဝန်ကြီးများအဖြစ် တာဝန် ထမ်းဆောင်သွားသူများ၏မဲဆန္ဒ နယ်များအပါအဝင် ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲတွင် နယ် မြေ မအေးချမ်းမှုကြောင့် ရွေး ကောက်ပွဲမကျင်းပနိုင်သည့် ရှမ်း ပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးနှင့် ကျေးသီးမြို့နယ်တို့ရှိ မဲဆန္ဒနယ် များမှ လစ်လပ်နေရာများပါဝင် ပါက စုစုပေါင်းမဲဆန္ဒနယ် ၁၅ နေရာခန့် ကနဦး လစ်လပ်နေ သည်။

သြဂုတ် ၂၂ ရက်က ကျင်းပ သော အမျိုးသားလွှတ်တော်တွင် ရှမ်းပြည်နယ် အမျိုးသားလွှတ် တော်မဲဆန္ဒနယ်(၂) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း ထွန်းအောင်၏ ၂၀၁၅ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ၌ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးသဖြင့် ရွေးကောက်ပွဲရပ် ဆိုင်းထားခဲ့သော ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းရှူးနှင့်ကျေးသီး မြို့နယ်တို့အတွက် ၂၀၁၆ အတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ကျင်း ပပေးရန် ရှိ၊ မရှိ မေးမြန်းသော မေးခွန်းကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦး အောင်မြင့်က လွှတ်တော်သို့လာ ရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေး ကောက်ပွဲ၌ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်သည် ပြည်ထောင်စု လွှတ်တော်ရှိ ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်များ၏ ၈၀ ရာခိုင်နှုန်းခန့်ကို နေရာရရှိထား သည်။

Source – 7 Day Daily