၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေး UNFC ၏ မူဝါဒအတိုင်း ဆုံးဖြတ်မည်ဟု KNPP ဆို

ရန်ကုန်၊ ဇွန် ၂၂

၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေးနှင့် ပတ်သက်ပြီး အပစ်ရပ် လက်မှတ်မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ မူဝါဒအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောကြားသည်။

ဇွန်လ ၂၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဌာနချုပ်တွင် ကျင်းပခဲ့သော ကရင်နီ အမျိုးသားနေ့ အခမ်းအနား၏ ရှေ့လုရန်ကုန်၊ ဇွန် ၂၂

၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေးနှင့် ပတ်သက်ပြီး အပစ်ရပ် လက်မှတ်မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ မူဝါဒအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောကြားသည်။

ဇွန်လ ၂၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဌာနချုပ်တွင် ကျင်းပခဲ့သော ကရင်နီ အမျိုးသားနေ့ အခမ်းအနား၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

KNPP သည် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများနှင့် တွေ့ဆုံမှုများ ရှိထားသော်လည်း ညီလာခံ တက်ရောက်မည့် ကိစ္စရပ်အပေါ်တွင် ကရင်နီ တိုင်းရင်းသား တစ်ဖွဲ့တည်း ဆုံးဖြတ်မည် မဟုတ်ဘဲ UNFC နှင့် တိုင်ပင်ဆွေးနွေးမှုများအပေါ် အခြေခံမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“တစ်ပြည်လုံးရဲ့ အရေးကို ကိုယ့်တစ်ဖွဲ့တည်းနဲ့တော့ မဆုံးဖြတ်ချင်ဘူး၊ အားလုံး တိုင်တိုင်ပင်ပင်နဲ့ ရလဒ်အပေါ် အခြေခံပြီး ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် လာမည့် ဇူလိုင်လ ပထမအပတ်တွင် KNPP ပါတီ၏ ပထမ ခြောက်လပတ် အစည်းအဝေးကို ကျင်းပရန် လျာထားပြီး ယင်းအစည်းအဝေးတွင်လည်း ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ ပါတီတွင်း ဆုံးဖြတ်ချက် ချနိုင်မည် ဖြစ်ကြောင်း KNPP ထံမှ သိရသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အပစ်ရပ် လက်မှတ်ထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့တွင် ပါဝင်သည်။ပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

KNPP သည် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများနှင့် တွေ့ဆုံမှုများ ရှိထားသော်လည်း ညီလာခံ တက်ရောက်မည့် ကိစ္စရပ်အပေါ်တွင် ကရင်နီ တိုင်းရင်းသား တစ်ဖွဲ့တည်း ဆုံးဖြတ်မည် မဟုတ်ဘဲ UNFC နှင့် တိုင်ပင်ဆွေးနွေးမှုများအပေါ် အခြေခံမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“တစ်ပြည်လုံးရဲ့ အရေးကို ကိုယ့်တစ်ဖွဲ့တည်းနဲ့တော့ မဆုံးဖြတ်ချင်ဘူး၊ အားလုံး တိုင်တိုင်ပင်ပင်နဲ့ ရလဒ်အပေါ် အခြေခံပြီး ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် လာမည့် ဇူလိုင်လ ပထမအပတ်တွင် KNPP ပါတီ၏ ပထမ ခြောက်လပတ် အစည်းအဝေးကို ကျင်းပရန် လျာထားပြီး ယင်းအစည်းအဝေးတွင်လည်း ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ ပါတီတွင်း ဆုံးဖြတ်ချက် ချနိုင်မည် ဖြစ်ကြောင်း KNPP ထံမှ သိရသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အပစ်ရပ် လက်မှတ်ထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့တွင် ပါဝင်သည်။

Source- The Voice