ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ဇန်န၀ါရီ နောက်ဆုံးပတ်တွင် နေပြည်တော်၌ မဲရုံမှူးသင်တန်းပေးမည်

ဧပြီ ၁ ရက်တွင် ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲ၌တာဝန်ထမ်းဆောင်မည့် မဲရုံမှူး များဇန်န၀ါရီ နောက်ဆုံးပတ်အ တွင်း နေပြည်တော်တွင် သင်တန်း ပေးမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ သ တင်းရရှိသည်။
ဇန်န၀ါရီ ၂၃ ရက်မှ ၂၈ ရက်အထိ သင်တန်းပေးမည်ဖြစ် ပြီး တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့ နယ်များရှိ ရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ခွဲများက အဖွဲ့ဝင်အချို့ ခေါ်ယူကာ သင်တန်းပေးခြင်းဖြစ် သည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

လစ်လပ် မဲဆန္ဒနယ်များရှိ သော ၂၂ မြို့နယ်မှ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများ ခေါ်ယူ သင်တန်းပေးခြင်းဖြစ်ကာ ၎င်းတို့ မှတစ်ဆင့် ရပ်ကွက်ကျေးရွာအ ဆင့် ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲများအား ပြန်လည်သင်တန်း ပေးမည်ဖြစ်သည်။

ကြားဖြတ် ရွေးကောက်ပွဲ တွင် မဲရုံ၌ တာဝန်ထမ်းဆောင်သူ များ အားနည်းချက်မရှိစေရန် ရွေး ကောက်ပွဲဆိုင်ရာ သင်တန်းပေးမှု ကို ထိထိရောက်ရောက် ပြုလုပ် မည်ဖြစ်ပြီး သင်တန်းကာလ မဲရုံ အတွင်း အငြင်းပွားမှုများ မရှိစေ ရန် ကြိုးစားဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။

နေပြည်တော်တွင် ပြုလုပ် မည့် သင်တန်း ကာလအတွင်း မဲရုံမှူးလက်စွဲ၊ မဲပေးခြင်း၊ မဲရေ တွက်ခြင်းနှင့် မဲရလဒ်ထုတ်ပြန် ခြင်းဆိုင်ရာ မဲရုံမှူးတစ်ဦး သိသင့်သည်များကို ပို့ချမည်ဖြစ်သည်။

၂၀၁၇ ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိကာ လစ်လပ်မဲဆန္ဒနယ်များရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတို့မှ ၂၂ မြို့နယ်၌ ကျင်းပမည်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာတွင် ပြည်သူ့လွှတ်တော်အ တွက် ကိုးနေရာ၊ အမျိုးသားလွှတ် တော်အတွက် သုံးနေရာ၊ ပြည် နယ်လွှတ်တော်အတွက် ခုနစ်နေ ရာရှိကာ တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် မဲပေးနိုင်မည့်သူဦးရေ နှစ်သန်းခန့်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံ လုံး၌ မဲရုံပေါင်း ၄၀,၁၄၀ ရှိပြီး မဲဆန္ဒရှင်ပေါင်း ၃၄,၂၉၅,၃၃၄ ဦး ရှိသဖြင့် မဲရုံတစ်ရုံလျှင် ပျမ်းမျှ မဲဆန္ဒရှင်ပေါင်း ၈၅၅ ဦးရှိသည်။

Source – 7 Day Daily