ရွေးကောက်ခံရမှုပျက်ပြယ်သည့် ကိုယ်စားလှယ် ငါးဦးထိရှိလာ

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ရွေး ကောက်ပွဲရလဒ်အပေါ် ကန့်ကွက် ခံရပြီးနောက် ရွေးကောက်ခံရမှု ပျက်ပြယ်သည့် ကိုယ်စားလှယ် ငါးဦးရှိလာပြီဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။
အဆိုပါ ငါးဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှသုံးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့ ဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက် လွှာအမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးခြင်း၊ ခုံရုံး၏ ဆုံးဖြတ်ချက်အ ပေါ် မကျေနပ်၍ အယူခံတက် လျှင် စုံညီခုံရုံးဖြင့် စစ်ဆေးခြင်းတို့ ကို ကော်မရှင်က ဆောင်ရွက် လျက်ရှိရာ လက်ရှိအချိန်အထိ ကိုယ်စားလှယ် ငါးဦးမှာ ရွေး ကောက်ခံရမှု ပျက်ပြယ်ခဲ့သည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိမ်း၏ ကချင်ပြည်နယ် အမှတ် (၅) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကို ကန့်ကွက်ခံရမှုကြောင့် ရွေးကောက်ခံရမှု ပျက်ပြယ်ခဲ့ပြီး အနိုင်ရခဲ့သည့် တစ်သီးပုဂ္ဂလဦးယောနာက ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်ခဲ့သည်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါက်တာ ဘမောင်၏ ချင်းပြည် နယ် ကန်ပက်လက် (၂) မဲဆန္ဒ နယ်ပြည်နယ် လွှတ်တ်ေကိုယ်စား လှယ်နေရာကို ဒီချုပ်ကိုယ်စား လှယ် ဦးဖွေက ရရှိခဲ့သည်။

အလားတူပြည်ခိုင်ဖြိုးကိုယ် စားလှယ်ဦးအောင်ကျော်ညွန့်၏ ရှမ်းပြည်နယ် ရပ်စောက် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကို ဒီချုပ် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် က ရရှိသည်။

အလားတူပြည်ခိုင်ဖြိုးကိုယ် စားလှယ် ဦးဆားမူ၏ စစ်ကိုင်း တိုင်းဒေသကြီး လဟယ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်နေရာကို ဒီ ချုပ်ကိုယ်စားလှယ် ဦးကယ်က ရရှိ သည်။

သို့သော် ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီး (၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်နေရာကို ဒီချုပ်ကိုယ် စားလှယ် ဦးလွင်စိုးမင်းက စွန့် လွှတ်ခဲ့ရပြီး ၎င်း၏ နေရာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးမြင့် အောင်ဖြစ်လာသည်။

သို့ဖြစ်ရာ လွှတ်တော်အ လိုက်ခွဲခြားပါက အမျိုးသားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ် စားလှယ် လေးဦးတို့ ဖြစ်သည်။ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ရွေးကောက်ပွဲခုံရုံး များမှ ဆုံးဖြတ်ချက် (အမိန့်)ချမှတ် ပြီးသော ကန့်ကွက်လွှာအမှုပေါင်း မှာ စက်တင်ဘာပထမပတ်အထိ အမှု ၃၀ ရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ကြေညာခဲ့သော အမှုပေါင်းမှာ ၂၀ မှုရှိပြီး ဖြစ်သည်။

Credit- 7 Day Daily