အစိုးရက နာဂ၊ ပလောင်၊ ကိုးကန့်၊ AA အဖွဲ့များနှင့် ယခုလအတွင်း အပြီးသတ်တွေ့မည်

နာဂ၊ ပလောင်၊ ကိုး ကန့်၊ AA အဖွဲ့များနှင့် ဇွန်လအ တွင်း အပြီးသတ်တွေ့ဆုံကာ ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက် ၍ အစိုးရက ရှင်းလင်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက် တာတင်မျိုးဝင်း ဦးဆောင်၍ NCAမရေးထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ သို့ သော် နာဂ (NSCN-K)၊ ပလောင်(TNLA)၊ ကိုးကန့် (MNDAA)၊ AAစသည့်အဖွဲ့များနှင့် အစိုးရကိုယ် စားလှယ်အဖွဲ့တို့ တွေ့ဆုံရန် ကျန်ရှိနေခြင်းဖြစ်သည်။
‘‘ လောလောဆယ်တွေ့ဖို့ သုံးဖွဲ့နဲ့ နာဂပဲကျန်တယ်။ ဒါတွေ အားလုံးကို ဒီလမကုန်ခင်ပြီးဖို့ ဦး တည်ဆောင်ရွက်နေပါတယ်’’ဟု ပင်လုံအကြိုပြင်ဆင်ရေးကော်မ တီအတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောသည်။
အစိုးရကိုယ်စားလှယ်အဖွဲ့ သည် ဇွန်လဆန်းက ချင်းမိုင်မြို့တွင် NCA မရေးထိုးထားသည့် အဖွဲ့ ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ‘၀’၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များနှင့် ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံ၍ ၂၁ ရာစုပင်လုံညီလာခံတက်ရောက် ရန် ဖိတ်ကြားခဲ့သည်။
‘‘ဖိတ်ကြားမှုတွေက ဒီလထဲ မှာ ပြီးပြတ်သွားမယ်လို့ ထင် တယ်။ ကျန်တာကတော့ သူတို့ တုံ့ပြန်မှုပေါ်မှာ မူတည်မှာပေါ့’’ ဟု ဦးလှမောင်ရွှေက ပြောသည်။ source- the voice