UNAနှင့် မိတ်ဖက်အဖွဲ့အစည်းများ ညီလာခံ ကျင်းပနိုင်ရေး ကြိုးပမ်းနေဟုဆို

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့(UNA)နှင့် မိတ်ဖက်အ ဖွဲ့အစည်းများညီလာခံကို လာ မည့်ဒီဇင်ဘာအတွင်း ကျင်းပ နိုင်ရေးကြိုးစားနေသည်ဟု UNA အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သောရှမ်း တိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ်(SNLD)ပြောရေးဆိုခွင့်ရှိ သူ စိုင်းကျော်ညွန့်ကပြောကြား သည်။

UNAနှင့် မိတ်ဖက်အဖွဲ့များ ညီလာခံကိုယခင်က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ UNAအဖွဲ့ဝင်တိုင်း ရင်းသားပါတီများ၊ UNAမိတ်ဖက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အရပ် ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ ပြီး အမျိုးသားပြန်လည်သင့်မြတ် ရေးကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးဆိုင်ရာများ အပါအ၀င် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုထူထောင်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အထောက်အကူဖြစ် စေရန် UNAနှင့်မိတ်ဖက် အဖွဲ့အစည်းများညီလာခံကျင်းပရန် ကြိုးစားနေခြင်းဖြစ်သည်ဟု စိုင်းကျော်ညွန့်ကဆိုသည်။

‘‘ကျွန်တော်တို့ UNAနဲ့ မိတ် ဖက်အဖွဲ့အစည်းများလုပ်ခဲ့တဲ့ အရင်သုံးကြိမ်မှာ တိုင်းရင်းသား လက်နက်ကိုင်များလည်းအကုန် လုံးလာတယ်။ ကျင်းပမယ့်ကာလ ကတော့ ညှိနှိုင်းရတာတွေတော့ ရှိတယ်။ ကိုယ့် UNAအဖွဲ့အစည်း တွေလည်းအဆင်ပြေမယ့် မိတ် ဖက်အဖွဲ့အစည်းတွေလည်း အ ဆင်ပြေတဲ့အချိန်အတတ်နိုင်ဆုံး ညှိနှိုင်းရတာပေါ့။ ဒီနှစ်ထဲမှာ အ တတ်နိုင်ဆုံးကြိုးစားနေတယ်။ နောက်လထဲမှာ အတတ်နိုင်ဆုံး ဖြစ်အောင် ကြိုးစားတာပေါ့’’ဟု စိုင်းကျော်ညွန့်က နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘UNA နဲ့ မိတ်ဖက်အဖွဲ့အစည်းများညီ လာခံကို လုပ်တဲ့အခါအဓိကအား ဖြင့် ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ပါ တီတစ်ခုချင်းစီရဲ့ အကျိုးစီးပွားကို မကြည့်ဘဲနဲ့ ပြည်ထောင်စုတစ်ခု လုံးရဲ့ အကျိုးစီးပွားကိုအဓိက ကြည့်ပြီးတော့ ကျွန်တော်တို့ဘယ် လိုရှေ့ဆက်သွားမလဲ။ အဲဒီဟာ ကို အဓိကဦးစားပေးတယ်’’ဟု ဆို သည်။လက်ရှိတွင် UNAအဖွဲ့ဝင် နိုင်ငံရေးပါတီ ၁၅ခုရှိရာရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်အမျိုးသားပါတီ (MNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ ကချင်ပြည်နယ်အမျိုး သားဒီမိုကရေစီကွန်ဂရက် (KNCD)၊ ကယန်းအမျိုးသားပါ တီ(KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမို ကရက်တစ်ပါတီ(SSKDP)၊ က ရင်အမျိုးသားပါတီ(KNP)၊ ရခိုင် မျိုးချစ်ပါတီ(APP)၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ(MNDP)၊ ဓနု တိုင်းရင်းသားလူမျိုးများဒီမိုက ရေစီပါတီ(DNDP)၊ ခူမီး(ခမီး)အ မျိုးသားပါတီ(KNP)၊ ချင်းဒီမိုက ရေစီအဖွဲ့ချုပ်(CLD)၊ ချင်းတိုး တက်ရေးပါတီ(CPP)၊ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်း မျိုးနွယ်စုများသွေးစည်းညီညွတ် ရေးပါတီ(SNSP)တို့ဖြစ်သည်။

UNA၏ ထိပ်သီးအစည်းအ ဝေးကို ပြီးခဲ့သည့်အောက်တိုဘာ က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ-၂၁ရာစုပင်လုံတွင် အားလုံးပါ ၀င်ရေးမူကိုလက်ခံထားကြောင်း၊ နိုင်ငံရေးပါတီနှင့်ပါဝင်သင့်ပါဝင်ထိုက်သည့်အဖွဲ့အစည်းအားလုံး ၂၁ရာစုပင်လုံတွင် ပါဝင်ဆွေးနွေး နိုင်ရေး ပြည်ထောင်စုအစိုးရက အလေးထားဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Source – 7 Day Daily