သတင်း

August 4, 2016

NBF နှင့် တွေ့ဆုံရန် သြဂုတ်လ ဒုတိယပတ်အတွင်း UNA ဆုံးဖြတ်မည်

ညီနောင် တိုင်းရင်းသားများ ဖက်ဒရေရှင်း (NBF) နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် လာမည့် သြဂုတ်လ ဒုတိယပတ်အတွင်း ပြုလုပ်မည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) ၏ ပုံမှန် အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း UNA အဖွဲ့ဝင် မွန်အမျိုးသား ပါတီက တွဲဖက် အတွင်းရေးမှူး […]
July 14, 2016

ရှမ်းပြည်နယ်လွှတ်တော်တွင် ဒီချုပ်အမတ်တစ်နေရာတိုး

ပည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးပါဝင်သည့် စုံညီ ခုံရုံး၏ အပြီးသတ်ဆုံးဖြတ်ချက်အ ရ ပြည်ခိုင်ဖြိုးအမတ်အား ကိုယ် စားလှယ်လောင်း ကန့်ကွက်မှု တင်သွင်းသည့် ဒီချုပ်အမတ် အနိုင်ရရှိခဲ့သဖြင့် ရှမ်းပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တစ်ဦးတိုးလာသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ရပ်စောက်မဲဆန္ဒ နယ် အမှတ်(၁)မှ အနိုင်ရသူ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်ကို ဒီချုပ် […]
July 14, 2016

မိုင်ဂျာယန်တွင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် UNA ကိုဖိတ်ကြား

ဇူလိုင်နောက်ဆုံးပတ် တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်၌ ပြုလုပ်မည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးသို့ တက် ရောက်ရန် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) ကို ဖိတ်ကြားထား ကြောင်း သတင်းရရှိသည်။ ‘‘ကျွန်တော်တို့ကို လှမ်းဖိတ် ထားတယ်။ UNA ကခေါင်းဆောင် […]
July 14, 2016

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် NRPC ၏ မူဝါဒများကို အကောင်အထည်ဖော်ရန် ငြိမ်းချမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ကော်မရှင်အကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်ကြည်အား တာဝန်ပေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ မူဝါဒများကို အကောင်အထည်ဖော်ရန် ငြိမ်းချမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ကော်မရှင်အကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်ကြည်အား တာဝန်ပေးအပ်ခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ က ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။ […]
July 11, 2016

၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည့် အစုအဖွဲ့ အားလုံး၏ ကိုယ်စားလှယ် အရေအတွက်ကို ယခင်အတိုင်း သတ်မှတ်ရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ ကိုယ်စားလှယ် ရွေးချယ်မှုကို စံနှုန်း သတ်မှတ်ချက်ဖြင့် လုပ်ဆောင်ရန် အစိုးရ မူဝါဒ ချမှတ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်မည့် အစုအဖွဲ့ အားလုံး၏ ကိုယ်စားလှယ် အရေအတွက်ကို ယခင်အစိုးရ လက်ထက်က ကျင်းပခဲ့သည့် ညီလာခံအတိုင်း သတ်မှတ်ရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့၏ ကိုယ်စားလှယ် ရွေးချယ်မှုကို စံနှုန်း သတ်မှတ်ချက်ဖြင့် လုပ်ဆောင်ရန် အစိုးရသစ်က သဘောထား […]
July 4, 2016

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မစုံလည်း ငြိမ်းချမ်းရေးညီလာခံ ဆက်လုပ်မည်

ရန်ကုန်၊ ဇူလိုင် ၁ ၂၁ ရာစုပင်လုံ ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး အစုံအလင် မပါနိုင်လည်း ညီလာခံကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း အဆိုပါညီလာခံ ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောဆိုသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများအပြားမှာ […]
July 4, 2016

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် တင်ပြရန် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးမူနှင့် အားလုံး လိုလားသည့် နိုင်ငံရေး စနစ်တို့အား UNA နှင့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ ဆွေးနွေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် တင်ပြရန် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးမူနှင့် အားလုံး လိုလားသည့် နိုင်ငံရေး စနစ်တို့အား စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများက ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် သုံးရက်ကြာ ဆွေးနွေးခဲ့သည်။ စည်းလုံးညီညွတ်သော […]
July 4, 2016

ကချင် တစ်ပါတီတည်း ဖြစ်ရေး ၂၀၁၇ ခုနှစ်တွင် ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီတစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း KDP ပါတီဥက္ကဋ္ဌ ပြောကြား

ကချင်နိုင်ငံရေးပါတီ တစ်ပါတီတည်း ဖြစ်ရေး ၂၀၁၇ ခုနှစ်တွင် ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီ တစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း ကချင် ဒီမိုကရက်တစ် ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။ ဦးအောင်ခမ်းက “ကျွန်တော်ကတော့ အမြန်ဆုံး ပေါင်းနိုင်ဖို့တော့ ကြိုးစားနေတာပဲ။ […]
July 4, 2016

ပါတီတွင်း လစ်လပ်နေရာများ ဖြည့်ဆည်းပေးမည့် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကျင်းပ

ပါတီတွင်း လစ်လပ်နေ ရာများ ဖြည့်ဆည်းနိုင်ရန် အာဏာ ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၃ ရက်တွင် နေပြည်တော် ၌ ပြုလုပ်ခဲ့သည်။ နေပြည်တော်တွင် ပြုလုပ် သော အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ် သွားသည့်အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခြင်းမရှိသော်လည်း ဗဟို […]
July 4, 2016

လီဆူ အမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ပေးရန် တိုက်တွန်း

လီဆူ အမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ပေးရန် တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်ခုကို လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ၂၁ ရာစု ပင်လုံညီလာခံကို လီဆူတစ်မျိုးသားလုံးက ကြိုဆိုထောက်ခံကြောင်း၊ ညီလာခံမှ ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေးကို […]
July 1, 2016

တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပြည်ထောင်စု တည်ထောင်ရာတွင် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသည့် ကြိုတင်ကန့်သတ်ချက် မရှိသင့်ကြောင်း ဦးခွန်ထွန်းဦး ပြောကြား

တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပြည်ထောင်စု တည်ထောင်ရာတွင် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသည့် ကြိုတင်ကန့်သတ်ချက် မရှိသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဇွန် ၃၀ ရက်တွင် ပြောကြားသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ […]
June 30, 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ သည် ဇွန် ၂၉ ရက် […]